အင်္ဂလိပ်တို့၏လက်အောက်ခံ ဖြစ်ခဲ့ဘူးသော မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရခဲ့သည်မှာ ၁၉၄၈ခုနှစ်ကည်းကဖြစ်ပါတယ်။ သို့သော် လွတ်လပ်ရေးရယူနိုင်ခဲ့သော်လည်း ပြည်တွင်းစစ်တွေကတော့ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နေခဲ့ပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် တပ်မတော်ကြား မကြာခဏဆိုသလို စစ်မက်ဖြစ်နေခဲ့ကြပါတယ်။ ထို့ကြောင့် ငြိမ်းချမ်းရေးရရှိရန် အဘက်ဘက်ကကြိုးပမ်းလျက်ရှိပါတယ်။

ယခုအခါ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ တတိယအစည်းအဝေးကို ၂၀၁၈ ဇန်နဝါရီ ၂၉ ရက်ကစ၍ ငါးရက်ကြာ ကျင်းပနိုင်ဖွယ်ရှိ ကြောင်း တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ထိုး ရှစ်ဖွဲ့မှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ် မှူးကြီး ခွန်ဥက္ကာက ပြောကြားခဲ့ပါတယ်။ ထိုကဲ့သို့ဇန်နဝါရီတွင် ကျင်းပရန် သတ်မှတ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာ ခံ-၂၁ ရာစုပင်လုံ တတိယအ စည်းအဝေး ဖိတ်ကြားပါက မြောက်ပိုင်းခုနစ်ဖွဲ့ စုဖွဲ့ထားသည့် ကော်မတီအနေဖြင့် တက်ရောက် မည်ဖြစ်ကြောင်း ကေအိုင်အိုနှင့် ‘ဝ’ အဖွဲ့က ငြိမ်းချမ်းရေးကော်မ ရှင်နှင့် တွေ့ဆုံစဉ် ဆွေးနွေးခဲ့သည်ဟု သိရှိရပါတယ်။ ဒါ့အပြင် တပ်မတော်နှင့် ကချင် လက်နက်ကိုင်အဖွဲ့ (KIO/KIA) အကြား စစ်ရှိန်လျှော့ချရေးအပါ အဝင် အချက်သုံးချက်ကို နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေသည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) သို့ စာပေးပို့ထားကြောင်း KIO နည်းပညာအထောက်အကူပြုအ ဖွဲ့ (TAT) ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါးက ဒီဇင်ဘာ ၂၀ ရက် တွင် ပြောခဲ့ပါတယ်။

NRPC သို့ ယခုနှစ်လယ်က ပေးပို့ထားသည့်စာတွင် စစ်ရှိန် လျှော့ချရေးကိစ္စဆောင်ရွက်ရန်၊ ယခင်အစိုးရလက်ထက် ၂၀၁၃ မေလနှင့် အောက်တိုဘာတွင် အစိုးရနှင့် KIO အကြား သဘော တူညီချက်များကို ပြန်လည်အ သက်သွင်းပြီး ဆက်လက်အ ကောင်အထည်ဖော်ရန်ကိစ္စနှင့် မြစ်ကြီးနားမြို့ KIO ဆက်ဆံရေး ရုံးရှိ TAT ရုံးကို မည်ကဲ့သို့ဆက် လက်ဆောင်ရွက်မည်ဆိုသည့် ကိစ္စတို့ ပါဝင်ကြောင်း ဦးဒေါင်ခါး က ရှင်းပြပါတယ်။ ‘‘အချက်သုံးချက်ကို အခြေ ခံပြီး NRPC ရုံးကို စာထည့်ထား တယ် ကေအိုင်အိုကနေ။ အခုအ ချိန်ထိ တရားဝင်တုံ့ပြန်ချက်မရှိ သေးဘူး’’ဟု ၎င်းက ဆိုပါတယ်။ ယခင်အစိုးရလက်ထက် တွင် တပ်မတော်နှင့် KIA အကြား တိုက်ပွဲများ ဖြစ်ပွားပါက နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့ ဖြင့် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ခဲ့ သော်လည်း လက်ရှိအစိုးရလက် ထက်တွင် ညှိနှိုင်းရေးယန္တရားမရှိ ၍ တိုက်ပွဲဖြစ်ပါက ကြားဝင် ဆောင်ရွက်ရန် အခက်အခဲရှိ ကြောင်း မြစ်ကြီးနားမြို့ အခြေ စိုက် ငြိမ်းချမ်းရေးဆွေးနွေးရေးအ ကျိုးဆောင်အဖွဲ့ (PCG) က ဆိုခဲ့ပါတယ်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။