အသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတဲ့ အဆိုတော် ကော်နီကတော့ သူမရဲ့ ရွှေရတု မွေးနေ့ အလှူအဖြစ် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

ပြီးခဲ့တာ ဒီဇင်ဘာ(၂၁)ရက်နေ့ကတော့ အဆိုတော် ကော်နီရဲ့ အသက်(၅၀)ပြည့် ရွှေရတု မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်..။

သူမရဲ့ မွေးနေ့ရက်လေးမှာတော့ ဘုန်းတော်ကြီး ပညာသင်ကျောင်းနဲ့ ပရဟိတကျောင်းတွေမှာ မွေးနေ့အလှူအဖြစ် လှူဒါန်းမှုများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်..။

သန်လျင်မြို့၊ ပုဂံတောင်ကျေးရွာမှာ ရှိတဲ့ ဓမ္မိကာရာမ ပျိုးဥယျာဉ် မူလတန်းလွန် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းနဲ့ သန်လျင်မြို့ ဘုရားကုန်းလမ်းဆုံရှိ ဆုတောင်းပြည့်ပရဟိတကျောင်များမှာ မွေးနေ့ အလှူအဖြစ် လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

မကော်လို့ ပရိသတ်တွေ ချစ်စနိုး ခေါ်ကြတဲ့ အဆိုတော် ကော်နီကတော့ ကလေးငယ်များအတွက် လှူဒါန်းမှုများအပြင် ကလေးတွေစိတ်ပျော်အောင် သီချင်းတွေနဲ့လည်း သီဆိုဖျော်ဖြေပေးခဲ့ပါသေးတယ်လို့ သိရပါတယ်..။

မွေးနေ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း အဆိုတော် လင်းနစ်က မှတ်တမ်းတင်ပေးထားပြီး သူအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကိုု ပြန်လည်မျှဝေထား တွေ့ရပါတယ်..။

အဆိုတော်ကော်နီကတော့ သူမရဲ့ အသံပါဝါကောင်းကောင်း၊ ပွင့်လင်းပြီး ကျွမ်းကျင်ပိုင်နိုင်တဲ့ သီချင်းဆိုဟန်၊ တေးသီချင်းကောင်းလေးတွေကြောင့် ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ဦးလည်း ဖြစ်ပါတယ်..။

တစ်ချိန်က ဂီတအနုပညာလောကမှာ အရမ်းကို အောင်မြင်ကျော်ကြားခဲ့တဲ့ ဝါရင့် အဆိုတော် တစ်ယောက်ဆိုလည်း မမှားပါဘူး..။

အခုနောက်ပိုင်းမှာတော့ အကြောင်းအမျိုးမျိုးကြောင့် အနုပညာအလုပ်တွေ နည်းပါးသွားပေမယ့် ယနေ့ အချိန်ထိလည်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကို ရရှိပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

Source - ကော်နီ၊ လင်းနစ် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။