မြန်မာနိုင်ငံရဲ့ Miss Universe 2016 Winner ဆုရှင်ဖြစ်တဲ့ အလှမယ် ထက်ထက်ထွန်း ကတော့ ရိုက်ကွင်းက ဓာတ်ပုံတစ်ပုံနဲ့ပတ်သတ်ပြီး လေယာဉ်မယ်တစ်ဦးရဲ့ ဝေဖန်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။ နိုင်ငံတကာ စင်မြင့်ထက်မှာ Best National Costume ဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ အလှမယ်ထက်ထက်ထွန်းကတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး သူမရဲ့ လူမှုစာမျက်နှာမှတဆင့် အတိအလင်းဖြေရှင်းထားတာ တွေ့ရပါတယ်။ 

သူမရဲ့ လူမှုစာမျက်နှာမှာတော့ "((ဒီပိုစ့်သည် လေကြောင်းလိုင်းအားမရည်ရွယ်သလို ကျွန်မကို မတိုက်ခိုက်သော အခြားသော လေယာဉ်ဝန်ထမ်းများအား မရည်ရွယ်ပါ... Sue Theint Theint Oo ဆိုသော လေယာဉ်မယ်တစ်ဦးတည်းအားရည်ရွယ်ပါသည်))

ထက်အနေဖြင့် ချစ်ခြင်းစတုဂံ ဇာတ်လမ်းတွဲ ရိုက်ကူးရေးအတွက် Character အရ လေယာဉ်မယ်ဝတ်စုံကို လေကြောင်းလိုင်းရဲ့ တရားဝင် ခွင့်ပြုချက်ယူပြီးမှ ဝတ်ခဲ့တာပါ... ရှုတင်နေ့မှာ စေတနာနဲ့ ပုံတင်ပေးရင်း အပျော်သဘောနဲ့ New Job ပါဆိုပြီး ပို့စ်တင်ခဲ့တာ အဲ့လေကြောင်းလိုင်းက လေယာဉ်မယ်တစ်ယောက်ကို အရမ်းထိခိုက်သွားတယ်ထင်ပါတယ်...

ထက်ပို့စ်ကို Share ပြီးထက်ကို ထိပါးရလောက်တဲ့ထိပြောဆိုနေတာတွေ့ရပါတယ်

Facebook ပေါ်မှာ "အော့" ဆိုပြီးသုံးနှုန်းတာကို လုံးဝ မကျေနပ်ပေးနိုင်ပါဘူး ...တရားဝင်အပစ်တင်ပြောဆိုနေရအောင်လို့ ဘယ်လောက်ထိအတိအကျသိပြီးထားလို့လည်းဆိုတာမေးချင်ပါတယ်

ဖိနပ်လာပို့နေတုန်းမရောက်ခင်ရိုက်ထားတဲ့ပုံမို့ ပုံတင်တုန်းက ဖိနပ်ကို Sticker လေးတွေနဲ့ကွယ်ခဲ့တယ်...

အပြင်လူတွေအထင်မလွဲအောင်လုပ်ခဲ့တာပါ ဒါပေမယ့် အတွင်းလူက ဒီ sticker အောက်ကကွယ်ထားတဲ့ မတူတဲ့ ဒေါက်ဖိနပ်ကို အတင်းကိုယ့်ပေါင်ကိုယ်လှန်ထောင်း ပြသနာမဟုတ်ပြသနာလုပ်ပြီး လူကြီးလူကောင်းမဆန်တဲ့ စာသားတွေနဲ့ သူများသိက္ခာကိုချထားတာတော့ တရားတော်တော်လွန်ပါတယ်...

တကယ့်ဇာတ်လမ်းရိုက်တဲ့ ချိန်မှာတော့ uniform ပြည့်ပြည့်စုံစုံနဲ့ ရိုက်ခဲ့တာပါ...တစ်ကယ့်လေယဉ်မယ်မှာသာရှိတဲ့ အဆင်တန်ဆာအပြည့်အစုံကို အဲ့လိုပြည့်စုံဖို့ ဆိုတာကလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ Last Minutes ထိကြိုးစားရယူခဲ့တာပါ...

အဲ့ဒီ ပြည့်ပြည့်စုံစုံဖြစ်စေချင်လှပါပြီရဲ့ဆိုတဲ့ စည်းကမ်းရှိလေယာဉ်မယ် Sue Theint Theint Oo ရေ ... ကိုယ်ကဖြင့်ဘာမှဝိုင်းဝန်းမကူညီဘဲနဲ့ အိုးကမပူ စလောင်းကပူဆိုသလို လေကြောင်းလိုင်းကိုယ်စား ဆက်ဆက်ထိမခံ နာပြနေတော့ Facebook ပေါ်မှာ MNA ရဲ့ လေယာဉ်မယ်က ဒီလိုနှုတ်ကြမ်းနဲ့ အရေးအသားကြမ်းနဲ့ သူတပါးပေါ် ပြောဆိုဆက်ဆံတတ်ပါတယ်ဆိုတာကို ဂုဏ်ယူနေတာလား ?

ဘာမှအမှားမရှိတဲ့ MNA ရဲ့ဂုဏ်သိက္ခာရော ၊ ပြည်သူတွေက ဝိုင်းချစ်နေကြတဲ့ လေယာဉ်မယ်တွေအားလုံးရဲ့ image ရော ဒီလိုစည်းမစောင့်တဲ့ လေယာဉ်မယ်တစ်ဦးရဲ့ လုပ်ရပ်ကြောင့် တော်တော် သိက္ခာကျဆင်းပါတယ်...

အကယ်၍ ကျွန်မထက်ထက်ထွန်းသည် ဖိနပ်ကို မှားစီးမိတယ်ဆိုရင်တောင် ကျွန်မတစ်ဦးတစ်ယောက်ရဲ့အမှားသာဖြစ်ပြီး လေကြောင်းလိုင်းနှင့် အခြားသောလေယာဉ်အမှုထမ်းများအပေါ်ထိခိုက်လိမ့်မည်မဟုတ်... သို့သော် သူမ၏အပြုအမူသည် သူမ၏ အကျင့်သိက္ခာအပြင် လူအများကို ထိခိုက်စေသောလုပ်ရပ်ဖြစ်သည်...

ဟုတ်ပါတယ် ... 

သူမပြောသလို MNA airline မှာ ကျွန်မထက်ပိုချောသောသူရှိရင်ရှိပါလိမ့်မယ်...ဒါပေမယ့် အဲ့စကားသည် သူထည့်ပြောစရာမလိုသော ယှဉ်ပြောစရာမလိုသောစကားလို့ ကျွန်မယူဆပါတယ်... ဘာလို့လည်းဆိုတော့ ကျွန်မတို့အလှချင်းပြိုင်နေတာမဟုတ်ပါဘူး , ကျွန်မအလုပ်အတွက် ကျွန်မဇာတ်လမ်းရိုက်ကူးရေးလုပ်နေတာပါ... ကျွန်မကိုချစ်တဲ့ပရိတ်သတ်တွေက comments မှာ လှလိုက်တာတို့ ဒီလောက်လှတဲ့လေယာဉ်မယ် မတွေ့ဖူးဘူးတို့ဆိုတာ အနုပညာရှင်ကိုချစ်တဲ့စိတ်တစ်ခုတည်းနဲ့ ပြောကြတာပါ... ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်ရည်ရွယ်ပြီးပြောတာမဟုတ်ပါ...

သူမှမဟုတ် တစ်ခြားသူများလည်း ဒီကိစ္စနဲ့ ပတ်သတ်ပြီးကျွန်မအကြောင်းပြောနေတယ်ဆိုပေမယ့် ကွယ်ရာမှာပြောတာတွေအတွက်တော့သိပ်မပြောချင်ပါဘူး Personal Facebook မှာတင်ထားတာ ရေးထားတာတွေအတွက်တော့ မသိတဲ့သူတွေအထင်အမြင်မလွဲအောင် ဒီလိုရေးပြီးရှင်းပြလိုက်တာပါ...

အများပြည်သူကို ဝန်ဆောင်မှုပြုနေတဲ့ ချိုသာတဲ့ ထက်မြက်တဲ့ အမျိုးသမီးထုကို ကိုယ်စားပြုပေးတဲ့ လေယာဉ်မယ်အနေနဲ့ ဆင်ခြင်သင့်ပါတယ် ...

ကျွန်မရဲ့ စေတနာတွေ စော်ကားခံရသလိုဖြစ်တဲ့ အတွက် စိတ်မကောင်းတော့ ဖြစ်မိတယ် ...

နောက်ဆုံး ဂုဏ်ဆာပြီး ကုန်ကုန်ပြောရရင်တော့ ကျွန်မလေယာဉ်မယ်ဝတ်စုံဖြင့် တင်တဲ့ ပိုစ့်တစ်ခုသည် MNA ကိုထိခိုက်သွားခြင်းမရှိခဲ့ဘဲ ... MNA Airline အတွက်ပိုပြီးဂုဏ်တတ်စေခဲ့တယ် customer တွေပိုရခဲ့တယ် uniform လေးကိုလည်း လှတယ်လို့ ချီးကျူးခံခဲ့ရတယ်လို့ ကျွန်မတော့ ရဲရဲကြီးပြောရဲသလို ...တစ်ချို့သောစိတ်ဓာတ်မပြည့်ဝသူတို့ မနာလိုစိတ်ပွားစေလောက်အောင် လှပစွာဖြင့် အောင်မြင်ခဲ့ပါလားနော် " ဆိုပြီး ရေးသားထားပါတယ်။ လက်ရှိမှာတော့ အဆိုပါကိစ္စနဲ့ပတ်သတ်ပြီး ပရိသတ်တွေကစိတ်ဝင်စားနေကြသလို သူမရဲ့ ပရိသတ်တွေကတော့ ထက်ထက်ထွန်းကို စိတ်လျော့ပါဆိုပြီး နှစ်သိမ့်နေကြတာလည်း တွေ့ရပါတယ်။ 

Source: Htet Htet Htun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။