မော်ဒယ် ခင်သဇင်ကတော့ ပရိတ်သတ်တွေကို ၀ုိးခနဲဖြစ်အောင်လုပ်ချလိုက်ပါပြီ ။

ပုံမှန်တွေ့နေကျနဲ့ မတူတဲ့ အလန်းစားဓါတ်ပုံအရိုက်ခံထားတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်တာပါ ။

နိုင်ငံခြားသူတစ်ယောက်အလား လှပဆွဲဆောင်မှုရှိတဲ့ ဒီပုံလေးတွေကိုတော့ သူမသူငယ်ချင်းကောင်မလေးတစ်ယောက်က ရိုက်ကူးပေးထားတာပါတဲ့ ။

" မသိဘူးတင်လိုက်ပီ

ဒါနဲ့ အကျီရော ဘောင်းဘီရော ပါတယ်ျနော်

အင်မတန်တော်သော ချစ်ကလေး

Beloved Kathy Kanwin photography " လို့ သူမက ဆိုထားခဲ့တာပါ ။ 

ပုံတွေထဲမှာတော့ Smart ကျလှပနေတဲ့ သူမကိုတွေ့မြင်ရမှာပါ ။ မော်ဒယ်ခင်သဇင်က စိုင်းစိုင်းခမ်းလှိုင်ရဲ့ အိုး အိုး ဟော့တယ် ဆိုတဲ့ သီချင်းမှာ ပါ၀င်သရုပ်ဆောင်ရင်း

ပရိတ်သတ်တွေ သတိထားမိလာကြပါတယ် ။ နောက်ပိုင်းအနုပညာအလုပ်တွေ လုပ်ကိုင်ရင်းနဲ့ နာမည်ရမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့ပြီး အနုပညာလုပ်ငန်းများအပြင် ပြင်ပစီးပွားရေးလုပ်ငန်းများကိုလည်းပိုင်ဆိုင်ထားသူတစ်ယောက်လဲဖြစ်ပါတယ် ။ ပညာရေးမှာလည်း ထူးချွန်သူတစ်ယောက်ဖြစ်ပြီး MBA ဘွဲ့အတွက် ဘော်စတွန်မှာ သွားရောက်ပညာသင်ယူဖို့ ပြင်ဆင်နေသူတစ်ဦးလဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Khin Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။