ခုလတ်တလောမှာ အဆိုတော်ပိုပိုနဲ့ အတူ မျက်နှာမဖော်ပြထားတဲ့ အမျိုးသားတစ်ယောက်ရဲ့ နှစ်ယောက်တွဲပုံတွေ အွန်လိုင်းမှာပျံနှံလာခဲ့ပြီး ပိုပိုတစ်ယောက် ချစ်သူရသွားပြီလို့ သတင်းတွေထွက်ပေါ်လာပါတယ် ။ Romantic ဆန်တဲ့ပုံလေးတွေအရ အားလုံးက ချစ်သူတွေလို့ ထင်နေကြတာပါ ။ ချစ်သူဟောင်းနဲ့ ပြတ်စဲပြီးထဲက တစ်ကိုယ်တည်းဘဝနဲ့ နေထိုင်လာခဲ့တဲ့ ပိုပိုတစ်ယောက် ချစ်သူရသွားပြီဆိုတော့ အားလုံးက ဘယ်သူလဲ ၀ုိင်းသိချင်နေကြသလိုပဲ

၀မ်းသာပေးနေကြတဲ့ ပရိတ်သတ်တွေလဲ တစ်ပုံကြီးပါပဲ ။ ဒါပေမယ့်လည်း ပိုပိုက ချစ်သူရတာမဟုတ်ပါဘူးလို့ အောက်ပါအတိုင်းဖြေရှင်းချက်ပေးလိုက်ပါတယ် ။  

" ခလိန်း တို့ ထင်နေတဲ့ တျောက် က အသိ မိတ်ဆွေပါ

ခလိန်းတို့ရေ

Marry me သီချင်းအတွက် တမင် ရင်ခုန်စိတ်လှုပ်ရှား သွားအောင် surprise လုပ်တာပါ

ဒါကြောင့် သိပ်မကြာခင်မှာ သီချင်း သစ် MTV လေး ကြည့်ရတော့မယ်ဆိုရင် ..Are yo u Ready?

ဘာပဲ ဖြစ်ဖြစ် စိတ်ဝင်စားသွားကြတယ်မဟုတ်လား ကျေနပ်တယ် (သူများကို ထိခိုက်မှာစိုးလို့ ပုံတွေလျှောက်မဖြန့်ကြနဲ့နော်)

(ချစ်သူ မရှိသေးပါဘူးကွယ်) " လို့သူမကဆိုခဲ့တာပါ ။ 

ချစ်သူမဟုတ်ဘူးတဲ့ ပရိတ်သတ်ကြီးရေ ... ပိုပိုရဲ့ Surprise ကတကယ်အောင်မြင်တယ်ဟုတ် ?

ပိုပိုကတော့ အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်သလို မိန်းကလေးအဆိုတော်တွေထဲ သီချင်းရေးကောင်းသူတစ်ယောက်အဖြစ်လဲ နာမည်ကြီးပါတယ် ။

ထုတ်သမျှအခွေတွေအားလုံးအောင်မြင်မှုရခဲ့သလို သူမထုတ်ဝေခဲ့တဲ့ ကဗျာစာအုပ်လေးဟာလည်း ပရိတ်သတ်တွေ စိတ်ဝင်စားမှုကို ဖမ်းစားနိုင်ခဲ့ပါတယ် ။

အနုပညာမှာ ပါရမီပါသူတစ်ယောက်လို့ ဆိုရမှာပဲဖြစ်ပါတယ် ။  

သတင်းအရင်းမြစ် Wut Yee Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။