အူဝဲလို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ ပြည်သူ့အချစ်တော် မင်းသမီး အိန္ဒြာကျော်ဇင်ကတော့ ခရစ်စမတ်မှာ ထိုင်းနိုင်ငံ ဘန်ကောက်ကို ရောက်နေတယ်လို့ သိရပါတယ်..။

ဘန်ကောက်မှာ လျှောက်လည်ရင်း ပျော်နေတဲ့ အကြောင်းလေးကို အိန္ဒြာကျော်ဇင်က သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ Live လွှင့်ပြီး ပြောပြထားတာ ဖြစ်ပါတယ်..။

ဘန်ကောက်ရဲ့ ခရစ်စမတ်ပွဲတော်ဟာ အရမ်းလှပြီး အရမ်းပျော်စရာကောင်းတဲ့ အကြောင်းကိုလည်း သူမက ပြောပြထားပါသေးတယ်...။

ဘန်ကောက်ရဲ့ ခရစ်စမတ်ပွဲတော်မှာ လျှောက်လည်ပြီး ပျော်နေတဲ့အကြောင်းကို ဒီဇင်ဘာ(၂၄)ရက်နေ့ ညပိုင်းက Live လွှင့်ခဲ့တာ ဖြစ်ပြီး မနက်ပိုင်းမှာတော့ သားအမိ သုံးယောက် အတူ ဖေ့စ်ဘွတ် စာမျက်နှာကနေ ပရိသတ်တွေကို ခရစ်စမတ် နှုတ်ဆက်စကားဆိုလိုက်ပါသေးတယ်..။

အူဝဲက သူမနှင့်အတူ သမီးလေး ပြေသုန္ဒြာနဲ့ သားလေး ပြေဓိရတို့ သားအမိ သုံးယောက်က ဗီဒီယို ဖိုင်လေးတစ်ခုတင်ပြီး “အားလုံးအတွက် မယ်ရီခရစ်မတ်ပါ..” ဆိုပြီးတော့ ပရိသတ်တွေကို နှုတ်ဆက်စကားဆိုလိုက်တာ ဖြစ်ပါတယ်..။

ဘန်ကောက်ကို မိသားစုလိုက် အလည်အပတ်ရောက်ရှိနေတာ ဖြစ်ပြီး ဘန်ကောက်မြို့ထဲကို လျှောက်လည်ခဲ့တယ်လို့ ဆိုပါတယ်..။

ဒီဇင်ဘာ(၂၄)ရက်နေ့ နေ့လည်ပိုင်းကလည်း ဘန်ကောက်မြို့ထဲ လျှောက်လည်ခဲ့ပြီး သူမ အရမ်းကြိုက်တဲ့ kebeb.. စားခဲ့တဲ့ အကြောင်းနဲ့ ဆိုင်ရှင်က မြန်မာ လူမျိုး အချင်းချင်း အလကားကျွေးလိုက်တဲ့ အကြောင်းကိုလည်း သူမက ပြောပြထားပါသေးတယ်..။

ပရိသတ်အချစ်တော် မင်းသမီးချော အိန္ဒြာကျော်ဇင်ကတော့ ကလေးနှစ်ယောက် မိခင်လို့တောင် မထင်ရလောက်အောင် မင်းသမီးငယ်တွေနဲ့ တန်းတူ လှပနုပျိုဆဲပါပဲ..။

မြန်မာနိုင်ငံရဲ့ ထိပ်တန်း မင်းသမီး တစ်လက်ဖြစ်တဲ့ သူမကတော့ အနုပညာလောကမှာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်မင်းသမီး ဖြစ်သလို ပရိသတ်တွေ အားကျရတဲ့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

Source - အိန္ဒြာကျော်ဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။