"အနုပညာပျိုးခင်း" ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်သလို ပရိသတ်တွေရဲ့ အချစ်တော် မင်းသမီးတစ်လက်လည်းဖြစ်သူကတော့ ရွှေမှုန်ရတီ ဖြစ်ပါတယ်။ ပရိသတ်တွေကြား အချေမင်းသမီးလေးလို့ နာမည်ကြီးပေမယ့် ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာအရည်အချင်းပြောင်မြောက်တဲ့သူမကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူဖြစ်ပါတယ်။ သူမဟာ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဟောင်း လူမင်းကတောင် ပါရမီ ရှိသူလို့ ချီးမွမ်းခံရသူတစ်ဦးလည်းဖြစ်ပါတယ်။

ရွှေမှုန်ရတီဟာ ယနေ့ ခရစ်စမတ်နေ့မှာတော့ သူမရဲ့ လူမှုစာမျက်နှာမှာ သူမနဲ့ပတ်သတ်တဲ့ အကျင့်လေးတစ်ခုကို ရေးသားဖော်ပြထားပါတယ်။ "ဆုံးဖြတ်ချက်တစ်ခုချ ရင် မှန်မှန်မှားမှား လက်ခံရဲပြီး

မပြင်တတ်တဲ့ ခေါင်းမာတဲ့ကျွန်မ

ဆုံးဖြတ်ချက်တစ်ခုချရင် အကောင်းဆုံးနဲ့အမှန်ဆုံး ဆုးံဖြတ်ပြီး မပြင်တတ်တဲ့ ခေါင်းမာတဲ့သူ

ဒါပေမဲ့ ကျွန်မတို့နှစ်ယောက်တွေ့ရင် ဆုံးဖြတ်တွေဝေ ဝါးသွားကျ တယ်

ဘာကြောင့်လဲ တစ်ယောက်နဲ့ တစ်ယောက် ပြုံးရင်းနဲ့မေးမိကျ တယ်

တူညီတဲ့အဖြေက ..........." ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ 

ထို post အောက်မှာတော့ ညီမဖြစ်သူနဲ့ သူငယ်ချင်းဖြစ်ပြီး ဝင်နောက်ပြောင်ထားတာကိုလည်း တွေ့ရပါတယ်။ ရွှေမှုန်ရတီဟာ ယခုနှစ်အကယ်ဒမီအတွက် နာမည်ကြီးနေတဲ့ မင်းသမီးတွေထဲမှာ ပါဝင်နေကြပြီး သူမရဲ့ ပရိသတ်တွေကလည်း သူမအတွက် ရင်ခုန်နေကြပါတယ်။ လာမည့် ၂၀၁၈ နှစ်မှာ ပြသမည့် သူမပါဝင်သရုပ်ဆောင်ထားတဲ့ "ငယ်ကျွန်" ဇာတ်ကားကြီးဟာလည်း ပရိသတ်တွေကြား စိတ်ဝင်စားမှုရရှိထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ 

Source: Shwe Mhone Yati

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။