နာမည်ကျော် အဆိုတော် Rဇာနည်တို့ မိသားစုကတော့ နာရေးအသင်းမှာ အသုံးပြုဖို့အတွက် ကားအသစ်နှစ်စီးကို လှူဒါန်းလိုက်တယ်လို့ သိရပါတယ်..။

နာမှုကူညီရေးအသင်း ရန်ကုန်အတွက် ကားတစ်စီးနှင့် သာသနာ့ပါလ နာမှုကူညီရေးအသင်း မန္တလေးအတွက် ကားတစ်စီး တို့ကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်..။

နာရေးအသင်းများအတွက် ကားနှစ်စီးလှူဒါန်းခဲ့တဲ့ အကြောင်းကိုတော့ သူ့အသုံးပြုတဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှ တစ်ဆင့် ပရိသတ်တွေကို ပြန်လည် မျှဝေထားတာ တွေ့ရပါတယ်..။

မကြာခဏ လှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိတဲ့ Rဇာနည်တို့ မိသားစုကတော့ အခုတစ်ခေါက်မှာလည်း လေလံအောင်တဲ့ ကားအသစ်နှစ်စီးကို လှူဒါန်းလိုက်တာ ဖြစ်ပါတယ်..။

တကယ်ကို ကောင်းမွန် မွန်မြတ်တဲ့ အလှူဒါနလေးပါပဲ .. ပရိသတ်ကြီးရေ..

အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပရိသတ်တွေနဲ့ အနုပညာရှင်မိတ်ဆွေသူငယ်ချင်းများက Rဇာနည်တို့ မိသားစုရဲ့ အလှူကို သာဓုခေါ် ဆုတောင်းစကားများ ပြောထားတာ တွေ့ရပါတယ်..။

အာဇာနည်တို့ မိသားစုဟာ မကြာခဏလှူဒါန်းမှုတွေကို ပြုလုပ်လေ့ရှိသလို မကြာသေးခင်ကလည်း ရှေးဟောင်းဘုရားမှာ ထီးတင်အလှူကိုလည်း ပြုလုပ် လှူဒါန်းခဲ့ပါသေးတယ်..။

ဂီတအနုပညာလောကမှာ အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားသလို အိမ်ထောင်ရေးမှာလည်း သာယာပျော်ရွှင်နေတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

အနုပညာလှုပ်ရှားမှုတွေအနေနဲ့ ရှိုးပွဲတွေ ဆက်တိုက် သီဆိုဖျော်ဖြေနေရပြီး လတ်တလောမှာလည်း ဖားအံမြို့ကို ဖျော်ဖြေရေးနဲ့ ရောက်ရှိနေတယ်လို့ သိရပါတယ်..။

Source – Rဇာနည် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။