နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်သူ အောန်ဆိုင်းတစ်ယောက် အပြာရောင်မြို့တော်လို့အများ က တင်စားခေါ်ဝေါ်ခြင်းခံရတဲ့ Moracco မြို့လေးကိုရောက်ရှိနေတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို Facebook ပေါ်တင်ထားတာပဲဖြစ်ပါတယ်။ ဒီလိုလှပတဲ့မြို့တော်ရဲ့ သမိုင်းကြောင်း ကိုလည်း အောန်ဆိုင်းက သူမ သိသလောက်ဝေမျှခဲ့ပါသေးတယ်။ ချစ်စရာ ကောင်းတဲ့တိုင်းရင်းသူလေး အောန်ဆိုင်းဟာ အနုပညာလောကထဲကို မော်ဒယ်အဖြစ်နဲ့ စတင်ဝင်ရောက်လာခဲ့ပြီး အခုချိန်ထိတော့ ရုပ်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင် တာကို မတွေ့ရသေးပါဘူး။ သူမရဲ့ပရိတ်သတ်တွေကတော့ သူမကိုသရုပ်ဆောင်ပိုင်းမှာ လည်း မြင်တွေ့ချင်ပုံရပါတယ်။

စကားသံဝဲ၀ဲနဲ့ ချစ်စဖွယ်တိုင်းရင်းသူလေးဟာ ဝေလရဲ့ သီချင်း MTV မှာလည်း ပါဝင်သရုပ် ဆောင် ထားပြီး ပရိတ်သတ်တွေတခဲနက်အားပေးမှုကိုလည်း ရရှိခဲ့သူတစ်ဦးဖြစ်ပါတယ်။ သူမကလက်ရှိမှာ ရောက်ရှိနေတဲ့ Moracco မြို့ (အပြာရောင်မြို့တော်) လေးဟာ ပင်လယ် နဲ့ရေကို ကိုယ်စားပြုပြီး ဒီမြို့လေးမှာ ချောင်း၊ ပင်လယ်တွေ မရှိဘူးလို့ဆိုပါတယ်။ ဂျူးလူမျိုး တွေဟာ ဟစ်တလာ လက်ထက်မှာ ဒီမြို့လေးကိုရောက်ရှိလာလာဖြစ်တယ်လို့ဆိုပါတယ်။ လက်ရှိမှာတော့ ဒီမြို့လေးကို ကမ္ဘာတစ်ဝှမ်းက ခရီးသွားဧည့်သည်တွေ အများအပြား လာရောက်ကြတယ်လို့ဆိုပါတယ်။

အပြာရောင်ဆေးသုတ်တဲ့သူတွေကို ကျေးဇူးတင်ရမယ်လို့သူမကဆိုပါတယ်။ Magical blue city ဆိုပြီး သူမရဲ့ Facebook မှာတင်ထားတာဖြစ်ပါတယ်။ အပြာရောင်မြို့တော်လေးမှာ ဂျင်း ပြာရောင်ဘောင်းဘီလေးနဲ့ လွတ်လပ်ပျော်ရွှင်ပေါ့ပါးနေတဲ့ သူမရဲ့ချစ်စဖွယ် ပုံရိပ်လေးတွေ က ပရိသတ်တွေရဲ့အသည်းကို ပိုဆိုဆွဲဆောင်လိုက်သလိုပါပဲ။ ချစ်စရာကောင်းတဲ့ အောန် ဆိုင်းရဲ့ အပြာရောင်မြို့တော် ခရီးသွားပုံရိပ်တွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုုက် ပြီနော်။

Source – Awn Seng’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။