နာမည်ကျော်မော်ဒယ်တစ်ဦးဖြစ်တဲ့ M Seng Lu တစ်ယောက် ပျော်ရွှင်စရာကောင်းတဲ့ ခရစ္ စမတ်နေ့လေးကို မိခင်နဲ့အတူဖြတ်သန်းခဲ့ပါတယ်။ သားအမိနှစ်ယောက်လုံး မြန်မာ့ရိုးရာ ဝတ်စုံလေးတွေနဲ့ ကျက်သရေရှိရှိ လှပနေပါတယ်။ သူမဟာ အောင်မြင်တဲ့မော်ဒယ်တစ် ဦးဖြစ်သလို ပရိတ်သတ်အားပေးမှု အပြည့်အဝရရှိထားတဲ့ နာမည်ရမော်ဒယ်တစ်ဦးလည်း ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သူမရဲ့ စွဲမက်ဖွယ်ပုံစံလေးကြောင့် ပရိတ်သတ်တွေက ပိုမိုအား ပေးချစ်ခင်ခြင်းကို ခံရတဲ့ ချစ်စဖွယ်တိုင်းရင်းသူမော်ဒယ်လေးပါပဲ။

ချစ်စရာကောင်းတဲ့သားအမိနှစ်ယောက်ရဲ့ ဒီနေ့အတွက်ဖက်ရှင်ကတော့ မေမေက ခရမ်း ရောင်ဝမ်းဆက်ကို ကျက်သရေရှိရှိဝတ်ဆင်ထားပြီး ဆိုင်းလုကတော့ အနီရောင်နဲ့ အစိမ်း ရောင်လေးကို တွဲဖက်ချုပ်လုပ်ကာ ချစ်စရာကောင်းတဲ့ပုံစံလေးကို ဝတ်ဆင်ထားပါတယ်။ မြန် မာဝတ်စုံဖြစ်သည့်အလျှောက် ဘာကိုမှအထူးအဆန်းမချုပ်လုပ်ထားပဲ အရိုးရှင်းဆုံးနဲ့ အလှဆုံး ရင်ဖုံလေးကိုဝတ်ဆင်ထားကြတဲ့ သားအမိနှစ်ယောက်ရဲ့ပုံစံက တကယ်ကို ကြည်နူးစရာပါပဲ။

သူမတို့ချစ်စဖွယ် သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို Merry Christmas ဆိုတဲ့ ဆုတောင်းလေးနဲ့ တင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့မေမေနဲ့ သမီးဖြစ်သူရဲ့ ပုံရိပ် လေးတွေက ကြည်နူးစရာပါပဲပရိတ်သတ်ကြီးရေ။ သူမတို့နှစ်ဦးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – M Seng Lu’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။