မကြာမီရောက်တော့မဲ့ ၂၀၁၈ခုနှစ်မှာ မြန်မာရုပ်ရှင်ဇာတ်ကားကောင်း များစွာကလဲ ရုံတင်ဖို့အသင့်ရှိနေပါပြီ...

ပရိသတ်ကြီးရေ.အဲ့ဒီဇာတ်ကားတွေထဲမှာမှ ပရိသတ်တွေရဲ့ရင်ကို လှုပ်ခတ်သွားစေနိုင်မဲ့ ဇာတ်ကားကောင်းတစ်ကားလည်းရှိနေပါတယ်..ဇာတ်ကားရဲ့ နာမည်က တော့ "သုံးရောင်ချယ်"ပါ..ထိုဇာတ်ကားကြီးကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ (၁၂)ရက်နေ့မှာ မြန်မာတစ်နိုင်လုံးတွင် ရုံတင်ပြသတော့မှာပဲဖြစ်ပါတယ်..

ဒီဇာတ်ကားကိုတော့ ဇာတ်အိမ်၊ဇာတ်လမ်းကောင်းကောင်းကို အခြေခံပြီး ရိုက်ကူးလေ့ရှိတဲ့ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)ရဲ့ ဖန်တီးထားတဲ့လက်ရာတစ်ခုပါ..ပါဝင်တဲ့အနုပညာရှင်များကတော့ မင်းမော်ကွန်း၊ခန့်စည်သူ၊နေမျိုးအောင်၊အိချောပို၊ရွှေသမီး နှင့်

သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားပါတယ်..ပရိသတ်ကြီးရေ.

ဇာတ်လမ်းရဲ့ကျောရိုးကတော့ ဘဝပေးအခြေအနေကြောင့် ပြည့်တန်ဆာ ဘဝရောက်နေတဲ့ မြန်မာအမျိုးသမီးတွေရဲ့ ဝမ်းနည်း၊ နာကျည်းဖွယ် ဘဝအကြောင်းကိုသဘာဝကျကျရိုက်ကူးထားတဲ့ ဇာတ်ကားလဲဖစ်ပါတယ်။ ရုပ်ရှင်အမြည်း(thrailer)ကြည့်ရရုံနဲ့တင် ဇာတ်ကားကောင်းတစ်ကား ဖြစ်တယ်လို့ ယုံကြည်သွားစေနိုင်မဲ့ ဇာတ်ကားလဲဖြစ်ပါတယ်..

၂၀၁၈ခုနှစ်ထဲမှာ လက်မလွှတ်တမ်းကြည့်သင့်တဲ့ "သုံးရောင်ခြယ်"ဇာတ်ကားကြီးကိုစောင့်မျှော်အားပေးကြပါအုန်းနော်..ပရိသတ်ကြီး...ရုပ်ရှင်ဇာတ်ကားကို ကြည့်လို့ရအောင် အောက်မှာ လင့်ပေးထားပါတယ်နော်..

https://m.facebook.com/story.php?story_fbid=362113754259405&id=337314286739352

Source: Thone yaung chal,(Facebook)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။