အနုပညာလောကရဲ့ နာမည်ကြီးမင်းသမီးတစ်လက်ဖြစ်တဲ့ သဥ္ဇာဝင့်ကျော်ကတော့ ခရစ်စမတ်နေ့လေးကို ဓာတ်ပုံအလန်းလေးတွေနဲ့ ကြိုဆိုလိုက်ပါတယ်။ အနုပညာလောကမှာ နေရာတစ်ခုရရှိထားပြီး ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့သူမဟာ သူမရဲ့ ဝတ်စားဆင်ယင်မှု ဖက်ရှင်ပိုင်းနဲ့ ကိုယ်ခန္ဓာကောက်ကြောင်းတို့ကြောင့် ပရိသတ်တွေကြား အထူးအားပေးခြင်းကို ခံရသူတစ်ဦးလည်း ဖြစ်ပါတယ်။ 

သဥ္ဇာကတော့ ဒီနေ့ ခရစ်စမတ်နေ့မှာ သူမရဲ့ လူမှုစာမျက်ပေါ်ကို ဓာတ်ပုံအသစ်လေးတွေထပ်တင်လိုက်ပါတယ်။ Indoor ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေဖြစ်ပြီး ဘောင်းတီအတို အကျႌလက်ပြတ်နဲ့ သူမရဲ့ဖက်ရှင်ဟာ ပရိသတ်ကြား ရေပန်းစားလို့နေပြန်ပါတယ်။ အချစ်ရေးနဲ့ ပတ်သတ်ပြီး ကွယ်ဝှက်လေ့မရှိတဲ့ သင်ဇာဟာ သူမမှာ လက်ရှိချစ်သူရှိနေကြောင်းကိုလည်း တလောက သူမရဲ့ လူမှုစာမျက်နှာကတဆင့် relationship ချိတ်ခဲ့ပါသေးတယ်။ 

လတ်တလောမှာတော့ သူမဟာ ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေလည်းပြုလုပ်နေပြီး ဓာတ်ပုံကြော်ငြာတွေလည်း ရိုက်ကူးလို့နေတာတွေ့ရပါတယ်။ လက်ရှိမှာတော့ Lavender ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ "တောဂျပွေး" ဟာသရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ် စိုးမြတ်သူဇာ ဗေလုဝတို့နဲ့အတူ ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ....

Source: Thinzar Wint Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။