စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်ကားရိုက်ကူးနေရတဲ့ အနုပညာရှင်တွေကတော့ ဗထူးက အခြေခံပညာအထက်တန်းကျောင်း အာစရိပူဇော် တစ်ခုမှာ တပ်မိသားစုဝင်တွေနဲ့အတူ အမှတ်တရအခိုက်အတန့်လေးတွေဖန်တီးဖြစ်ခဲ့ပါတယ်။

ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ စိုးမြတ်နန္ဒာ က သူမရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ မင်းသမီးချောအိချောပို ၊ ခိုင်နှင်းဝေ ၊သွန်းဆက် ၊စိုးပြည့်သဇင် ယဉ်လတ် တို့နဲ့အတူ ပါ၀င်ဆင်နွွှဲဖြစ်ခဲ့ပုံလေးတွေကို မျှဝေထားပါတယ်။

သူတို့တွေဟာ စစ်ကို မုန်း၍တိုက်ခဲ့သည် ဆိုတဲ့ တပ်မတော်ဂုဏ်ပြုဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်နေတဲ့ နာမည်ကျော်မင်းသမီးတွေဖြစ်ကြပြီး ရုပ်ရှင်မင်းသား စိုးသူ နေမင်း ၊ကျော်ထက်အောင် ၊ ထူးအောင် အစရှိတဲ့ အနုပညာရှင်တွေလည်း ပါ၀င်ထားကြပါတယ်။

ရိုက်ကွင်းပုံရိပ်တွေနဲ့တင် ပရိသတ်စိတ်ဝင်စားမှုရရှိနေတဲ့ ဒီဇာတ်ကားလေးကို တပ်မတော်နေ့မှာ ပြသမှာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က ပြည်ထောင်စုသစ္စာဇာတ်ကားထက် ပိုပြီး လူကြိုက်များမယ့်ပုံပါပဲ။

လက်တလောမှာတော့ စိုးမြတ်နန္ဒာတို့မင်းသမီးတွေကတော့အေးချမ်းတဲ့ ဗထူးမြို့လေးရဲ့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရဲ့ ဆရာကန်တော့ပွဲမှာ ပျော်ပျော်ပါးပါးပဲ တပ်မိသားစုဝင်တွေနဲ့အတူ သီချင်းတွေသီဆိုကခုန်ရင်း အချိန်ကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။

ချစ်စရာကောင်းပြီး ရောက်ရာအရပ်မှာ ပျော်ပျော်နေတတ်တဲ့ မင်းသမီးတွေမို့ လူချစ်လူခင်များနေတာလည်းဖြစ်ပါတယ်။  

Source : SoeMyatNandar fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။