ပရိသတ်တွေရဲ့ အားပေးမှုနဲ့ ချစ်ခြင်းမေတ္တာကို တခဲနက်ရရှိထားတဲ့ နှင်းဆီ အငြိမ့်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးုဖစ်တဲ့ နာမည်ကြီးအဆိုတော် မိုးမိုးရဲ့ နေအိမ်ဖောက်ထွင်းခံခဲ့ရတယ်လို့ သူ့ရဲ့ လူမှုစာမျက်နှာမှတဆင့် သိရပါတယ်။ မိုးမိုးကတော့ အိမ်ဖောက်ထွင်းခံရတဲ့ အဖြစ်အပျက်အသေးစိတ်ကိုတော့ သူ့ရဲ့ လူမှုစာမျက်နှာမှာ ပုံနဲ့တွဲပြီး အသေးစိတ်ရှင်းပြထားတာ တွေ့ရပါတယ်။ 

"မနက်​ ၄:၃၀ နဲ့ ၅:၀၀ ကြား

ကျွန်​​တော်​့အိမ်​ သူခိုးဝင်​ပါတယ်​

​အိမ်​​အောက်​ထပ်​က ဝင်​လို့မရတဲ့အတ​ွက်​

အိမ်​အ​ပေါ်ထပ်​ ​ခေါင်​းရင်​းပြတင်​း​ပေါက်​က​နေ

မရမက ဝင်​လာတာပါ

(ဝင်​လာပုံ ကို ပုံနဲ့ caption တွဲပြထားပါတယ်​)

သူခိုးက ဝင်​လာပြီး အိပ်​​နေတဲ့ အ​သေး​လေး(​ဒေါ်ဘုမ ​မွေးစားထားတဲ့ ကိုးတန်​း​ကျောင်​းသူက​လေး)ကို

နှိုးသတဲ့ဗျ

လည်​ပင်​းကို ဓားနဲ့​ထောက်​တယ်​ ပြီး​တော့

"ငါ ပိုက်​ဆံလို​နေလို့ ပိုက်​ဆံ​တွေဘယ်​မှာထားသလဲ"

လို့ ​မေးသတဲ့ ခ​လေးမ​လေးကလဲ သူမသိ​ကြောင်​း

​ပြောတာ​ပေါ့ 

အဲဒါကို ကျကျနန တင်​ပလ္လင်​​ခွေထိုင်​ပြီး မျက်​နှာချင်​းဆိုင်​

၅ မိနစ်​​လောက်​ ဓားနဲ့​ထောက်​ ​မေး​နေသတဲ့

အ​သေး​လေးကလဲ တင်​ပလ္လင်​​ခွေထိုင်​လျှက်​

က​နေ ​ခြေ​ထောက်​ဆင်​းသလိုလိုနဲ့

​ဘေးကကာထားတဲ့ အလူမီနီယံ နံရံကို

ကန်​ထည်​့လိုက်​ချိန်​ အသံထွက်​သွား​တော့

ဟိုအ​ကောင်​ သတိနည်​းနည်​းလွတ်​သွားပုံရတယ်​

ဒါနဲ့ ​အ​သေး​လေးက သူ့ကို တ​ွန်​းထည်​့ုပြီး

"​ဟော ဒမှာ လူဝင်​​နေလို့.."ထ​အော်​​ရော

ကိုယ်​​တွေလဲ နိုးလာပြီး အခန်​းထဲက​ပြေးထွက်​လာချိန်​

ကို​ရွှေသူခိုးများ လျင်​ချက်​ဗျိူ း

ပြတင်​း​ပေါက်​က​နေအမြန်​ထွက်​ ခုန်​ချ​ပြေးပုံများ

ကိုယ်​လဲ ပြတင်​း​ပေါက်​က​ခေါင်​းပြူကြည်​့ချိန်​

သ​ကောင်​့သားက လမ်​းထိပ်​​တောင်​​ရောက်​​နေပြီ

အ​သေး​လေး ဉာဏ်​​ကောင်​းလို့သာ​ပေါ့

​နော့မို့ဆို သူအတွက်​က သိပ်​အန္တရာယ်​ကြီးတယ်​

ဘာပစ္စည်​းမှ ပါမသွား​သော်​ငြား ​နောက်​တခါဆိုတာ

ဖြစ်​မလာနိုင်​ဘူးလို့ ​ဘယ်​သူ​ပြောနိုင်​မလဲ

ဒါနဲ့ ရဲစခန်​းတိုင်​စရာရှိတာတိုင်​

ရပ်​ကွက်​ရုံး အ​ကြောင်​းကြား​တော့ လုပ်​လိုက်​တယ်​

ကျန်​တာက​တော့ ကိုယ်​့ဘာသာလုပ်​ရမှာ​ပေါ့​လေ

ရှိရှိသမျှ ပြတင်​း​ပေါက်​​တွေ သံပန်​း​တွေတပ်​ဖို့

ချက်​ချင်​း စီစဉ်​လိုက်​ရတယ်​..လုံခြုံဖို့ အဓိကမို့လား

၂၀၁၇ ရဲ့ အမှတ်​တရ ခရစ်​စမတ်​​ပေါ့​လေ" ဆိုပြီး ပြောပြထားပါတယ်။ ပရိသတ်တွေကတော့ မိုးမိုးအတွက် စိုးရိမ်နေကြပြီး ဂရုစိုက်ပြီး သတိကြီးစွာနေထိုင်ဖို့လည်း မှာနေကြတာတွေ့ရပါတယ်။

Source: Moe Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။