နာမည်ကျော် အဆိုတော် အဖွဲ့တစ်ခုဖြစ်တဲ့ Big Bang အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ခုဖြစ်တဲ့ Taeyang နဲ့ ချစ်သူ Min Hyo Rin တို့ စုံတွဲကတော့ သူတို့ရဲ့ မင်္ဂလာရက်ကို သတ်မှတ်လိုက်ကြပါပြီ..။

မကြာသေးခင်က လက်ထပ်တော့မယ့်အကြောင်းကို ပရိသတ်တွေကို အသိပေးကြေညာခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာလမှာကတည်းက မင်္ဂလာပွဲအတွက် တိတ်တိတ်လေး စီစဉ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်..။

အခုတစ်ခေါက်မှာတော့ မင်္ဂလာရက်ကို သတ်မှတ်လိုက်ပြီဆိုတဲ့ အကြောင်းကိုတော့ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက်က ပြောပြခဲ့တာ ဖြစ်ပါတယ်..။

Taeyang နဲ့ Min Hyo Rin တို့ဟာ သူတို့ရဲ့ မင်္ဂလာပွဲကို လာမယ့် (၂၀၁၈)ခုနှစ် ဖေဖော်ဝါရီ(၃)ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Taeyang ဟာ လာမယ့်နှစ် အစောပိုင်းမှာ စစ်မှုထမ်း သွားရတော့မှာ ဖြစ်ပြီး စစ်မှုထမ်း မသွားခင် လက်ထက်ပွဲကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်..။

ပရိသတ်တွေကတော့ လေးနှစ်ကျော်လက်တွဲလာတဲ့ သူတို့ချစ်သူနှစ်ဦးရဲ့ မင်္ဂလာသတင်းအတွက် ဝမ်းသာဂုဏ်ပြုပေးခဲ့ကြပါတယ်..။

Taeyang နဲ့ Min Hyo Rin တို့ဟာ (၂၀၁၃)ခုနှစ်လောက်မှာကတည်းက တွဲနေကာ သီချင်း ဗီဒီယိုတစ်ခုမှာ စတင်တွေ့ရှိခဲ့ကြတာ ဖြစ်ပြီး (၂၀၁၅)ခုနှစ်မှာတော့ တွဲနေတဲ့အကြောင်းကို ပရိသတ်တွေကို အသိပေး ပြောပြခဲ့ကြတာ ဖြစ်ပါတယ်..။

အဆိုတော် မော်လ်ဒယ် တစ်ဦးဖြစ်တဲ့ Min Hyo Rin ကတော့ Taeyang ရဲ့ ပထမဆုံး ချစ်သူဖြစ်ပြီး အရမ်းကို ချစ်ကြတဲ့ ဆယ်လီစုံတွဲအဖြစ် လူသိများပါတယ်..။

သူတို့ရဲ့ လက်ထက်တော့မယ် သတင်းကို Taeyang က သူ့ရဲ့ အင်စတာဂရမ်အကောင့်ကနေ ပရိသတ်တွေကို အသိပေး ကြေညာခဲ့တာ ဖြစ်ပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။