KIA/TNLA အဖွဲ့၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူတစ်ဦး သေနတ်ဒဏ်ရာရ

KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က အပြစ်မဲ့ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ပန်နိမ်ရွာ၊ ကောင်ခါးမိန်ပြိန်းအုပ်စု၊ ကွက်ခိုင်မြို့နယ်နေ ဒေါ်အေမန် သည် နိုဝင်ဘာလ ၂၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်တွင် မန်လွယ်ကျေးရွာနှင့် နမ့်ဖလွန်းကျေးရွာကြားရှိ ၄င်းပိုင်ပြောင်းခြံတွင် ပြောင်းဖူးချိုးနေစဉ် KIA/TNLA လက်နက်ကိုင်အဖွဲ့၏ ပစ်ခတ်မှုကြောင့် ဝဲဘက်ရင်အုံ တွင် သေနတ်ဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) ရရှိခဲ့သည်။

ဒဏ်ရာရရှိသူ ဒေါ်အေမန်အား နမ့်ဖတ်ကာဆေးရုံမှတစ်ဆင့် မူဆယ်ဆေးရုံသို့လွှဲပြောင်း ဆေးကုသမှုခံယူရန် နမ့်ဖတ်ကာ ရွာရှိ မေတ္တာရှင်လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ ကြောင်း သိရှိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။