နိုင်ငံကျော် အနုပညာရှင်စုံတွဲလေးဖြစ်တဲ့ အဆိုတော် လင်းလင်း နဲ့ ချစ်သုဝေ တို့ ဇနီးမောင်နှံဟာ ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေးမျိုးကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။

အားလုံးထဲမှာ ထူးထူးခြားခြားအနေနဲ့ အမွှာသမီးလေးနှစ်ယောက် မွေးဖွားခဲ့တဲ့ လင်းလင်း နဲ့ ချစ်သုဝေ ဟာ ဂီတနဲ့ပတ်သက်ပြီး ၀ါသနာတူတွေဖြစ်သလို သမီးလေးတွေအတွက်လည်း မိဘကောင်းတွေဖြစ်အောင် ကြိုးစားနေကြသူတွေဖြစ်ပါတယ်။

ပရိသတ်အချစ်တော်ကလေးတွေဖြစ်ကြတဲ့ ခေတ် နဲ့ သစ် အပါ၀င် ချစ်သုဝေတို့ မိသားစုလေးဟာ ဒီနေ့ကျရောက်တဲ့ ခရစ်စမတ်နေ့လေးကို အဓိပ္ပာယ်ရှိရှိနဲ့ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းခဲ့တယ်လို့သိရပါတယ်။

သမီးလေးတွေအကြောင်းကို လူမှုကွန်ရက်ကနေ အမြဲတမ်းမျှဝေပေးလေ့ရှိတဲ့ ချစ်သုဝေ ဟာ လက်တလောမှာလည်း သူမရဲ့ ဒီနေ့ ခရစ်စမတ်နေ့ မိသားစုနဲ့ ဘုရားကျောင်းသွားရင်း ခေတ် နဲ့ သစ်ကို ဖက်ရှင်အလန်းနဲ့ ၀တ်ဆင်ပေးထားပါတယ်။

ခရစ်ယာန်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေဟာ ဗုဒ္ဓဘာသာဝင်တစ်ဦးဖြစ်တဲ့ လင်းလင်းနဲ့ ဘာသာမတူကြပေမယ့်လည်း ကလေးတွေကြီးလာတဲ့အခါ သူတို့လေးတွေ ယုံကြည်ရာဘာသာကို စိတ်ကြိုက်ကိုးကွယ်ခွင့်ပြုထားမယ်လို့ ဆိုပါတယ်။

အနုပညာလှုပ်ရှားမှုတွေလည်း ဆက်တိုက်လုပ်နေရတဲ့ ချစ်သုဝေ ဟာ ခင်ပွန်းနဲ့ ကလေးတွေအတွက်လည်း အိမ်ရှင်မ မိခင်ကောင်းတစ်ယောက်အဖြစ် အချိန်ပေးလေ့ရှိပါတယ်။

လက်တလောမှာတော့ ခရစ်စမတ်ဒီဇိုင်းတွေနဲ့အတူ ၀တ်ဆင်ထားတဲ့ ခေတ် နဲ့ သစ် အမွှာညီအစ်မနှစ်ယောက်ကို မြင်ပြီးတော့ ပရိသတ်တွေ အသဲယားနေမှာသေချာပါတယ်။  

Source- Chit thu wai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။