အသားအရေ အကြောင်းတွေ ပြောပြထားတာတွေလဲ များနေပြီဆိုတော့ ဒီနေ့တော့ မျက်နှာ အလှအပအတွက် လွယ်ကူပြီး အသုံးဝင်မယ့် နည်းလမ်းလေးတချို့ကိုရှာဖွေထားပါတယ်။ ဒါကတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ V Shape မျက်နာလေး ငွေကုန်ကြေးကျမရှိပဲ ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းလေးပါ။ ဘယ်လိုလဲ စိတ်ဝင်စားတယ်ဟုတ်။

ဒီလိုမျက်နှာလှလှလေးရဖို့ ဘာတွေလိုအပ်မလဲဆိုတော့ ကြွေဇွန်း (သို့) စတီးဇွန်း နဲ့ ဗီတာမင်အီး တစ်လုံး လိုအပ်ပါတယ်။

(၁) ဇွန်းကိုအသုံးပြုပြီး လည်ပင်းအောက်ခြေကနေ အပေါ်မေး

ရိုးဆီ ကို ဖိဆွဲပါ။ (နာကျင်လောက်အောင် မဖိရပါ) တနေ့ (၁၀) ကြိမ်။

(၂) မေးစေ့ကနေ မေးရိုးတလျှောက် အောက်ကနေ အပေါ်ကို ဖိဆွဲပေးပါ။ တနေ့ ၁၀ ကြိမ်။

(၃) မေးစေ့ကနေ ပါးပြင်သို့ အောက်ကနေ အပေါ်သို့ ဖိဆွဲပေးပါ။ တနေ့ ၁၀ ကြိမ်။

(၄) ပါးစပ်မှ ပါးရိုးထိ အောက်မှ အထက်သို့ ဖြည်းညင်းစွာ ဖိဆွဲပေးပါ။ တနေ့ (၁၀) ကြိမ်။

(၅) နှာခေါင်းနားမှနေ၍ ပါးပြင်တလျှောက် နားထင်ထိ ဖိဆွဲပေးပါ။ တနေ့ ၁၀ ကြိမ်။

(၆) နဖူးတလျှောက် အောက်မှ အထက်သို့ အကြိမ် (၂၀) ခန့်ဖိဆွဲပါ။

ဒီနည်းလမ်းလေးတွေကို ပုံမှန်ပြုလုပ်ပေးမယ်ဆိုရင်တော့ V shape မျက်နှာလေးရဖို့အတွက် ငွေကုန်ကြေးကျ ချွေတာနိုင်မှာပါ။ ဒါဆို ယုံကြည်မှုရှိတဲ့ လှပမှုနဲ့ နေ့ရက်တိုင်းကို ဖြတ်သန်းနိုင်ပြီပေါ့။ ကဲ...ပျိုမေတို့ရေ ချက်ချင်းပဲ အကောင်အထည်ဖော်လိုက်ရအောင်နော် ။

Source - Doctor Aye Min Htoo FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။