ပရိသတ်အခိုင်အမာရရှိထားတဲ့ ထိပ်တန်းမင်းသားစာရင်းဝင် ပြေတီဦး ဟာ ဒီဇင်ဘာလ(၂၅)ရက်နေ့မှာကျရောက်တဲ့ ခရစ်စမတ်နေ့လေးမှာ ရှုတင်အဖွဲ့သားတွေပျော်ရွှင်ဖွယ် အစီစဉ်လေးတစ်ခု လုပ်ပေးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒါကတော့ ပြင်ဦးလွင်ကို ရုပ်ရှင်ဇာတ်ကားရိုုက်ကူးဖို့ ရောက်ရှိနေတဲ့ အကယ်ဒမီ ပြေတီဦးဟာ ရှုတင်အဖွဲ့သားတွေအားလုံးကို ခရစ်စမတ်ကာလအပျော်အနေနဲ့ သူ့ရဲ့ အနုုပညာကြေးထဲကနေ ဗလာမပါ ငွေသား သီးသန့် မဲဖောက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မဲဆုအနေနဲ့ ပထမ ကို တစ်သိန်းကျပ် ၊ ဒုတိယကို (၈)သောင်းကျပ် ၊ တတိယ ကို (၇)သောင်းကျပ် ဆိုပြီး မဲဖောက်ပေးသလို မဲမပေါက်တဲ့သူတွေကိုလည်း တစ်ယောက်ကို တစ်သောင်းစီ မုန့်ဖိုးပေးတဲ့အကြောင်း သူ့ရဲ့ ဖေ့ဘုတ်အကောင့်မှာ Live လွှင့်ပြီး အပျော်တွေကို မျှဝေထားပါတယ်။

ဗီဒီယိုထဲမှာတော့ ပြေတီဦးက မဲခွက်ကို ကိုယ်တိုင် ကိုင်ထားပြီး ရှုတင်အဖွဲ့သားတွေက အလှည့်ကျတန်းစီပြီး မဲနှိုက်ကြတဲ့ မြင်ကွင်းလေးမို့ ကြည့်မိသူတိုင်းလည်း စည်းလုံးညီညွှတ်ပြီး ပျော်စရာကောင်းတဲ့ ခံစားမှုလေးကို ခံစားရမှာပါ။

နိုင်ငံကျော်မင်းသမီး အူဝဲ ရဲ့ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သလို သားသမီးနှစ်ယောက်ရဲ့ ဖခင်လည်းဖြစ်တဲ့ ပြေတီဦးဟာ လက်တလောမှာတော့ အလုပ်တွေကြိုးစားပြီး ရှုတင်မှာ လုပ်ဖော်ကိုင်ဖက်တွေကိုပျော်ရွှင်အောင်လုပ်ပေးလိုက်တာကြောင့် ကုသိုလ်တွေအများကြီး ရမှာသေချာပါတယ် ပရိသတ်ကြီးရေ။

အခုနှစ်မှာတော့ ရင်ဘတ်ထဲက ဓား ဇာတ်ကားနဲ့ ပြေတီဦးကို ပရိသတ်တွေက အကယ်ဒမီဆု မျှော်မှန်းထားကြပါတယ်။

ကျရာဇာတ်ရုပ်ကိုပီပြင်အောင်သရုပ်ဆောင်နိုင်ပြီး ထိပ်တန်းမင်းသားတစ်လက်အဖြစ် ရပ်တည်နေတဲ့ ပြေတီဦးဟာ ပြေတီဦးဖောင်ဒေးရှင်းတည်ထောင်ထားပြီး ပညာတတ်လူငယ်တွေကို ပျိုးထောင်ပေးနိုင်သူလည်းဖြစ်ပါတယ်။

ပရိသတ်ကြီးရဲ့ ပြေတီဦး ရဲ့ သူတစ်ပါးကိုပျော်ရွှင်အောင်လုပ်ပေးတဲ့ ကုသိုလ်ဒါနအတွက် သာဓုခေါ်ဆိုလိုက်ပါဦးနော်။  

Source : Pyaytioo fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။