နာမည်ကြီး အဆိုတော် ချမ်းချမ်းနဲ့ နာမည်ကြီး မော်ဒယ်လ်တစ်ဦးဖြစ်သူ ဘုဏ်းသိုက်တို့ဇနီးမောင်နှံရဲ့ သတင်းဟာ ပရိသတ်တွေကို ယနေ့ထိ စိတ်မကောင်းဖြစ်လို့နေစေပါတယ်။ အကြောင်းကိစ္စတစ်ချို့ကြောင့် ချမ်းချမ်းဘက်ကကွာရှင်းကြောင်း ကြေငြာခဲ့ပေမဲ့လည်း ခင်ပွန်းဖြစ်သူ ဘုဏ်းသိုက်ကတော့ စာရွက်အပိုင်းအစတစ်ခုဟာ သူတို့နှစ်ဦးကို မဝေးကွာစေနိုင်ဘူးဆိုပြီး အင်တာဗျူးတစ်ခုမှာ ဖြေဆိုခဲ့ပါတယ်။ 

ချမ်းချမ်းဟာ ကွာရှင်းလိုက်တယ်ဆိုတဲ့ သတင်းထွက်ပြီး မကြာခင်မှာပဲ သူမရဲ့ "သို့ ချစ်နေတုန်းပဲ" အခွေကို ထုတ်ဝေခဲ့ပါတယ်။ ထိုအခွေဟာ ပရိသတ်တွေကြား အတော်လေးနာမည်ကြီးခဲ့ပြီး သီချင်းတွေဟာလည်း ပရိသတ်ရဲ့အကြိုက်နဲ့ ထပ်တူကျခဲ့ပါတယ်။ ဘုဏ်းသိုက်ကတော့ ချမ်းချမ်းရဲ့ အခွေအသစ်ကို ဝယ်ယူပြီး နားထောင်ကြောင်းကို သူ့ရဲ့လူမှုစာမျက်နှာမှာ ယခုလို "အောက်ကျတယ် တောင်းမနေတော့ဘူး ...

ကိုယ့်ဘာသာ ပဲ ဝယ်နားထောင်လိုက်တယ်..

အေးရော !" ရေးသားပြီး တင်ထားပါတယ်။ 

သူတို့နှစ်ဦးဟာ တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်နေကြတယ်ဆိုတာကိုတော့ သူတို့ရဲ့စကားတွေနဲ့ လုပ်ရပ်တွေဟာ သက်သေပြလို့နေပါတယ်။ ပရိသတ်တွေကလည်း သူတို့နှစ်ဦးပြန်လည်ပေါင်းစည်းစေလိုပြီး လတ်လောမှာတော့ သမီးလေး ဂင်္ဂါဟာ ဖခင်ဆီမှာ တလှည့် မိခင်ဆီမှာတလှည့် နေနေတယ်လို့ သိရပါတယ် ပရိသတ်ကြီးရေ.....

Source: Hpone Thaik

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။