ဒီဇင်ဘာ ၂၅ ရက်နေ့ ဒီနေ့ညနေ ၆ နာရီ ၄၅ မိနစ်အချိန်ခန့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ မေတ္တာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်တွင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ (၁၀)ရပ်ကွက်၊ မေတ္တာလမ်းနှင့် သုမင်္ဂလာလမ်းထောင့်ရှိ သင်္ဂ ီဝင်း စတိုးဆိုင်မှ စတင်လောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။အဆိုပါ မီးလောင်ရာနေရာသို့ တောင်ဥက္ကလာပမြို့နယ်မှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ယာဉ်များ သွားရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ သိရပါတယ်။ 

၎င်းမီးလောင်ပြင်သို့ Level (1) မီးသတ်ယာဉ်များ ထွက်ခွာငြိမ်းသက်ခဲ့ရပြီး ညနေ ၆ နာရီ ၅၅ အချိန်ခန့်မှာ တော့ မီးထိန်းနိုင်ခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကိုတော့အတိအကျမသိရသေးပဲ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပြီး တည်ဆဲဥပဒေအရ လက်ဆက်အရေးယူဆောင်ရွှက်သွားမယ်လို့ တောင်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောပါတယ်။

သတင်းအရင်းအမြစ် - ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာန

Photo -Victor

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။