"ချစ်ဖူးခဲ့သမျှ" တေးစီးရီးနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေကို အခိုင်အမာရရှိခဲ့သူကတော့ အဆိုတော် ပိုပို ဖြစ်ပါတယ်။ မိဘတွေနဲ့အတူမနေခဲ့ရပေမဲ့ သူမရဲ့ မလျော့တဲ့ဇွဲနဲ့အတူ ကြိုးစားမှုတွေကြောင့် ယနေ့မှာတော့ အောင်မြင်တဲ့ နာမည်ကြီးအဆိုတော် တစ်ဦးဖြစ်လို့ နေပါပြီ။ ပိုပိုတစ်ယောက် မနေ့က ခရစ်စမတ်ညမှာတော့ သူမရဲ့ လူမှုစာမျက်နှာမှာ တကယ်အားပေးချင်သောပရိသတ်မဟုတ်သူတွေနဲ့ ပတ်သတ်ပြီး စာသားတစ်ချို့ကို တင်ထားတာတွေ့ရပါတယ်။ 

သူမရဲ့ လူမှုစာမျက်နှာမှာ သူမကို ကိုယ်ထိလက်ရောက်ပြုလုပ်ဖို့ ကြိုးစားသူတွေကို "ငယ်ငယ်က စိတ်နဲ့ဆို ထိုးပစ်လိုက်တယ် ဂါ းးးးးးးး မိန်းကလေး အနုပညာရှင်မို့ ကိုယ်ထိလက်ရောက် လုပ်တာကို သည်းခံရတယ်ဆိုတာ မဖြစ်သင့်ဘူး ထင်တယ် တစ်ခုခု ပြန်ပြော ပြန်လုပ်ရင် အားမပေးတော့ဘူးတဲ့ အဲ့လိုလူတွေက ရှိသေး ဒါပဲ မြန်မာပြည် . သူတို့ မူးပြီး ဖက်တာ ခံမှ အားပေးမယ်ဆိုလဲ နေပါ ကိုယ့်အနုပညာကို ချစ်လို့ အားပေးတဲ့သူတွေနဲ့ ရှေ့ဆက်မယ်  

အခုလိုမျိူး ပြသနာဟာ အနုပညာရှင် မိန်းကလေးတိုင်း ခံရတာ ဒါကို ဝိုင်းရံ ကာကွယ်ပေးမဲ့သူတွေ မရှိတော့ဘူးလားဟင် ..plz ခဏခဏ ဆိုတော့ သည်းမခံနိုင်တော့ဘူး ပခုက္ကူမှာလဲ တစ်ခါ လူကြားထဲမှာ လုပ်သွားတာ ..ငယ်ငယ်ကတော့ အဖေက အရင်သာ ရိုက်ခဲ့ တဲ့လေ(နောက်တစ်ခါတော့ ပြန် ရိုက်ပြီသာ မှတ် ပြီးမှ ရှင်းမယ်)" ဆိုုပြီး ပိုပိုက ပြောဆိုထားပါတယ်။ သူမရဲ့ အမာခံချစ်ပရိသတ်တွေကတော့ သူမအတွက် စိုးရိမ်နေကြပြီး ဂရုစိုက်ဖို့မှာနေတာကို ချစ်စဖွယ်တွေ့ရပါတယ် ပရိသတ်ကြီးရေ.....

Source: Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။