အနုပညာရှင်တွေအတွက် ရုပ်ရည်သွင်ပြင်က အဓိက အရေးပါတဲ့အရာဖြစ်တာမို့ ကမ္ဘာတစ်လွှားက ဆယ်လီတော်တော်များများဟာ သူတို့ရဲ့ မျက်နှာအစိတ်အပိုင်းတွေအနက် သဘောမကျတဲ့အရာတွေကို ပိုပြီးလှအောင် ခွဲစိတ်ပြုပြင်တာတွေခေတ်စားကြပါတယ်။

တောင်ကိုရီးယားနိုင်ငံက အနုပညာရှင်တွေကြားမှာ ဆာဂျရီလုပ်တာက ရေပန်းစားနေသလို မြန်မာပြည်မှာလည်း မျက်နှာက အစိတ်အပိုင်းအချို့ကို ခွဲစိတ်ပြုပြင်မှုတွေ အတော်လေး ရေပန်းစားနေပါပြီ။

အလှမယ်တစ်ဦးအဖြစ် ပရိသတ်တွေသိကြတဲ့ ဟန်သီကတော့ ဒီဇင်ဘာလ(၂၅)ရက်နေ့က ဘန်ကောက်မှာ နှာခေါင်းခွဲစိတ်မှုပြုလုပ်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

"ဟန်သီကနဂိုကနှာခေါင်းထိပ်နည်းနည်းပွပြီး နှာတံပြားပါတယ်။လွန်ခဲ့သောသုံးနှစ်ကတခါ နှစ်နှစ်ကတခါ နှစ်ကြိမ်ကိုရီးယားမှာ နှာခေါင်းချွန်အောင် ဆေးထိုးထားပါတယ်။အခု Bangkok Clinic Revolution ဆေးခန်းခွဲပေါင်း (၂၀)ရှိတဲ့အလှအပပြုပြင်ခွဲစိတ်တဲ့ဆေးခန်း က Brand Ambassador ခန့်တော့ နှာခေါင်းခွဲစိတ်မှုပြုလိုက်တာပါ။ရှစ်နှစ်အတွေ့အကြုံရှိပြီး ကိုရီးယားမှာသင်ကြားလာတဲ့ နှာခေါင်းခွဲစိတ်ဆရာဝန်က filler နှစ်ကြိမ်ထိုးထားတဲ့ ဟန်သီကို open type နဲ့ နားနောက်ကအရည်ကြည်ယူပြီး အချိန်(၄၅)မိနစ်ကြာ ပြုပြင်ခဲ့ပါတယ်။နာကျင်မှုကထင်ထားသလောက်မနာပါဘူး။ရောင်နေတဲ့နေရာကပ်ဖို့ ဂျယ်လီနဲ့လိမ်းဆေး ပိုးသတ်ဆေးတွေပေးပါတယ်။ခွဲပြီးပြီးချင်း ဟန်သီကတော့ မိတ်ဆွေတွေနဲ့ dinner သွားစားပါတယ်။ကပ်ထားတဲ့ပလာစတာက နောက်လ(3)ရက်နေ့မှ ဖြေရမှာဖြစ်တဲ့အတွက် ဘန်ကောက်မှာအဲဒီနေ့ထိနေဖြစ်မှာပါ။ချုပ်ရိုးကိုတော့ ရန်ကုန်မှာပြန်လာဖြေမှာပါ။တလလောက်ဆိုရင်တော့ နှာခေါင်းကနေသားကျလောက်ပါပြီလို့ပြောပါတယ်။ဟန်သီ့ကို ဘာလုပ်တာလဲ သိချင် စိတ်ပူနေတဲ့ ပရိသတ်ကြီးကိုရှင်းပြတာပါ။"

ပြီးခဲ့တဲ့နှစ်က ဖေ့ဘုတ်မှာ Live လွှင့်ရင်း သူမရဲ့ ချစ်စဖွယ်အပြောအဆိုလေးတွေကြောင့် လူမှုကွန်ရက်မှာ ပရိသတ်တွေရဲ့ ၀န်းရံမှုတွေရရှိခဲ့သူလေးဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ်သာရှိသေးတဲ့ ဟန်သီဟာ အနုပညာလှုပ်ရှားမှုတွေအတော်လေးလုပ်နေရသူဖြစ်ပြီး အောင်မြင်စပြုနေတဲ့ တက်သစ်စအနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

ဟန်သီဟာ ကြော်ငြာတွေလည်းရိုက်ကူးထားသလို ဖက်ရှင်ရှိုးပွဲတွေမှာလည်း မပါမဖြစ် မော်ဒယ်တစ်ဦးဖြစ်ပါတယ်။

နှာခေါင်းခွဲစိတ်ပြုပြင်တဲ့ အနုပညာရှင်တွေထဲမှာ သရုပ်ဆောင်ဆုပန်ထွာ အပြင် ဟန်သီလည်း ပါ၀င်သွားပြီဖြစ်ပါတယ်။ ပရိသတ်ကြီး ဟန်သီကို ချစ်ရဲ့လား။ 

Source : Hanthi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။