မင်းသားချောလေး စည်ဖြိုးကို ပရိသတ်နဲ့ အထူးတလည် မိတ်မဆက်ပေးတော့ ပါဘူး။ စည်ဖြိုးတို့မိသားစုလေးဟာ အလှူအတန်းကိုလည်း အမြဲလုပ်ဆောင်ပေးသူများဖြစ်ကြပါတယ်။ မကြာသေးမီက အဒေါ်ဖြစ်သူအား ရည်စူးပြီး အလှူတစ်ခုပြုလုပ်ခဲ့ပါတယ်။ နောက် ၂၄.၁၂.၂၀၁၇ နေ့မှာလည်း မိဘမဲ့ကလေးများနှင့် ရှင်မပြုရသေးသောမတတ်နိုင်သည့် ကလေးများ ... အသက်နှစ်ဆယ်ကျော်လူငယ် ၅၄၀ အားရဟန်းဘောင်သို့ တင်မြှောက်ပေးခဲ့ ပြီး အလှူအတွက် ၇ရက်သားသမီးများအားလုံးကိုလည်း ဆုမွန်ကောင်းတောင်းပေးခဲ့ပါတယ်။

ယခုလည်း ၂၅.၁၂.၂၀၁၇ ရက်နေ့တွင်ပြုလုပ်ခဲ့တဲ့ မိသားစုအလှူကြောင်းကို မျှဝေပေးခဲ့ပါသေးတယ်။ ပျော်ရွှင်စရာ ခရစ္စမတ်နေ့လေးမှာ မင်းသားချောစည်ဖြိုးတို့ မိသားစုလေးကတော့ မမေ့နိုင်စရာ အလှူတစ်ခုကို လုပ်ဆောင်ခဲ့တာပါ။ မနေ့က စည်ဖြိုးတင်ခဲ့တဲ့ စာသားလေးကတော့ "မနေ့က သံဃာများအပါအဝင် သီလရှင် ၉၃ပါးအား ထပ်မံ လှူဒါန်း...." ဟု၍ တင်ထားတာပဲဖြစ်ပါတယ်။ 

အလှူအတန်းတွေကို အမြဲလုပ်ဆောင်ပေးနေတဲ့ စည်ဖြိုးတို့မိသားစုအလှူ ကတော့ ပျော်ရွှင်စရာ အလွန်ကောင်းလှပါတယ်။ ယခုလိုမင်းသားစည်ဖြိုးတို့ရဲ့ ပျော်ရွှင်စရာ အလှူအကြောင်းလေးကို ပရိသတ်ကြီးအား မျှဝေပေးလိုက်ပါတယ်။

Source - Si Phyo 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။