စနေနေ့ရဲ့ ပရီးမီးယားလိဂ်ပွဲတွေထဲ ဇယားထိပ်က ချယ်လ်ဆီးနဲ့ ရှုံးပွဲမရှိသေးတဲ့ တော့တင်ဟမ်တိုု့ရဲ့ လန်ဒန်ဒါဘီပွဲမှာ ကွန်တေရဲ့ အသင်းက နုုိင်ပွဲဆက်ပြီး ဇယားထိပ်မှာ ဆက်လက်ဦးဆောင်နေပါတယ်။ ချယ်လ်ဆီးဟာ နောက်တန်း ၃ယောက်ပုုံစံပြောင်းပြီးကတည်းက ဆက်တိုုက်နိုုင်ပွဲရနေတာဖြစ်ပြီး ဒီပွဲမှာ စပါးကိုု နောက်ကလိုုက်ကစားခဲ့ရတာပါ။ စပါးက ပထမပိုုင်း ၁၁မိနစ်မှာ အဲရစ်ဆင်ရဲ့ သွင်းဂိုုးနဲ့ဦးဆောင်ခဲ့ပါတယ်။ ပထမပိုုင်းမှာချယ်လ်ဆီး ကစားပုုံ ပျက်နေခဲ့ပေမယ့် ၄၅မိနစ်ပြည့်ခါနီးမှာ ပက်ဒရိုုက ဧရိယာထိပ်ကနေ လှလှပပ ချေပဂိုုးသွင်းခဲ့ပါတယ်။

ဒုုတိယပိုုင်းမှာ ချယ်လ်ဆီးကစားပုုံသိသိသာသာကောင်း လာခဲ့ပြီး ၅၂မိနစ်မှာ ကော်စတာပေးတာကနေ ဗစ်တာမိုုးဆက်စ်က သွင်းယူခဲ့ ပါတယ်။ အဲ့ဒီဂိုုးဟာ စပါးဂိုုးသမားနဲ့ နောက်ခံလူနဲ့ထိပြီးဝင်သွားခဲ့တာပါ။ ချယ်လ်ဆီးဖက်က အလွန်ဆိုု၊ ဝီလျံတိုု့ အပိုုင်ကန်သွင်းခွင့်တွေရခဲ့ပေမယ့် အသုုံး မချနိုုင်လိုု့ ၂ဂိုုး-၁ဂိုုးနဲ့ပဲ ပွဲပြီးခဲ့ပါတယ်။ ဒါကြောင့် ချယ်လ်ဆီးက ဇယားထိပ်ကိုု ပြန်လည်တက်နုုိင်ခဲ့ပါတယ်။

အစောပိုုင်းက ကစားတဲ့ပွဲတွေထဲ လီဗာပူးလ်က အိမ်ကွင်းမှာ ဆန်းဒါးလန်းကိုု ၂ဂိုုးပြတ်နဲ့နုုိင်ပါတယ်။ အားထားရတဲ့ ကော်တင်ညို ဒဏ်ရာရသွားလိုု့ လီဗာပူးလ်ရုုန်းကန်ခဲ့ရပြီး အိုုရီဂီနဲ့ ဂျိမ်းစ်မီလ်နာတိုု့က ဒုုတိယပိုုင်း ၇၅မိနစ် ကျော်မှ ၂ဂိုုးသွင်းပြီးနုုိင်ခဲ့တာပါ။ ဒီကနေ့မှာ အစောဆုုံးကစားတဲ့ မန်ချက်စတာစီးတီးက ဘန်လေကိုု နောက်လိုုက်ကစားပြီး အဂွဲရိုုးရဲ့ သွင်းဂိုုးတွေနဲ့ ၂ဂိုုး-၁ဂိုုးနဲ့နိုုင်ပါတယ်။ ဆွမ်ဆီးက ပဲလေ့စ်နဲ့ အကြိတ်အနယ် ကစားပြီး ၅ဂိုုး-၄ဂိုုးနဲ့နိုုင်ခဲ့ပါတယ်။

"ပရီးမီးယားလိဂ်ရလဒ်များ"

ဘန်လေ ၁-၂ မန်ချက်စတာစီးတီး

လီဗာပူးလ် ၂-၀ ဆန်းဒါးလန်း

ဆွမ်ဆီး ၅-၄ ခရစ္စတယ်ပဲလေ့စ်

ဟားလ်စီးတီး ၁-၁ ဝက်စ်ဘရွန်း

လက်စတာစီးတီး ၂-၂ မစ်ဒယ်ဘရော့

ချယ်လ်ဆီး ၂-၁ တော့တင်ဟမ်ဟော့စပါး

Source : BBC Burmese

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။