ဒီနေ့ည ၇ နာရီ မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ စပါးအသင်းဟာ ဆောက်သမ်တန် အသင်းနဲ့ တွေ့ဆုံကစားရမှာလည်းဖြစ်ပါတယ်။ရာသီအစက ရလဒ်တွေကောင်းမွန်ခဲ့တဲ့ စပါးအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရလဒ်တွေ အနည်းငယ်ဆိုးဝါးလာခဲ့တာကြောင့် အဆင့်တွေကျခဲ့ရတာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပွဲမှာ ရလဒ်ကောင်းတွေရယူထားနိုင်တဲ့ ဘန်လေအသင်းကို ဂိုးပြတ်အနိုင်ယူပြီး အဆင့် ၅ နေရာကို ရောက်ရှိလာခဲ့ပြီလည်းဖြစ်ပါတယ်။

ဘန်လေနဲ့ ပွဲမှာ စပါးအသင်းရဲ့တိုက်စစ်မှုး ဟယ်ရီကိန်းက လည်း ဟတ်ထရစ်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမှာ စပါးအသင်းဟာ ရမှတ် ၃၄ မှတ်နဲ့ အဆင့် ၅ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၄ နေရာက လီဗာပူလ်းအသင်းနဲ့ ၁ မှတ်ကွာဟနေတာဖြစ်ပြီး အဆင့် ၆ နေရာက အာဆင်နယ်အသင်းမှတ် ရမှတ်တူညီနေတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ နောက်ဆုံး ငါးပွဲရလဒ်မှာတော့ ၄ ပွဲနိုင် ၁ ပွဲရှုံးရလဒ်ကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။

ဆောက်သမ်တန်အသင်းဟာ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၁၃ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။နိုင်ပွဲလေးပွဲသာ ရှိသေးတဲ့ ဆောက်သမ်တန်အသင်းရဲ့ ရလဒ်တွေကတော့ အားရစရာမရှိသေးတာလည်းဖြစ်ပါတယ်။စပါးအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဟယ်ရီကိန်း၊ ဆွန်ယောင်မင်း၊ အလီ၊ အဲရစ်ဆင်၊ ဒိုင်ယာ၊ ဒမ်ဘီလီ တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဆောက်သမ်တန်အသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ ဂါဘီယာဒီနီ ၊ ရက်မွန်၊ ဒေးဗစ်၊ တာဒစ်၊ ရိုမီယူ၊ လီမီနာ တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။အဝေးကွင်းရလဒ်တွေမကောင်းတဲ့ ဆောက်သမ်တန်အသင်းကိုတော့ စပါးအသင်းအနိုင်ရယူသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။