မြောင်းမြမြို့မှာနေထိုင်တဲ့ မိန်းကလေးတစ်ယောက်က သွေးများအန်ရာတွင် သွေးထဲတွင် ဘလိတ်ဓားများပါလာကြောင်း သိရှိရပါတယ်။ ယခုဖြစ်ရပ်ကတော့ မြောင်းမြမြို့နယ် ပြင်ရွာတိုက်နယ် ပြင်ရွာကျေးရွာတွင် ဖြစ်ပွားခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ မိန်းကလေး၏အသက်မှာ ၁၉နှစ်သာရှိသေးကြောင်း သိရှိရပါတယ်။ ဖြစ်စဉ်မှာ ပြင်ရွာကျေးရွာနေ ဦးအောင်ဆွေ ဒေါ်ဖောတို့၏ ပဥ္စမမြောက်သမီးဖြစ်သူ မ— အသက် ၁၉ နှစ်မှာ လွန်ခဲ့သော နှစ်နှစ် ခြောက်လခန့်မှ စတင်ကာ မကြာခဏ သွေများအော့အန်ခဲ့တာပဲဖြစ်ပါတယ်။ 

မ— ၏ ရောဂါဖြစ်စဉ်အား ဆရာဝန်များနှင့် ပြသခဲ့ပြီး ဓာတ်မှန်ရိုက်ခြင်း မှန်ပြောင်းကြည့်ခြင်းများကိုပါ ပြုလုပ်ခဲ့သော်လည်း မည်သည့်ရောဂါလက္ခဏာကိုမျှ မတွေ့ရကြောင်း၊ မ— ကို ဆရာတော်များနှင့် ပြသကုသပေးခဲ့စဉ်က ယာယီပြန်လည် ကောင်းမွန်လာခဲ့သော်လည်း မကြာခဏ သွေများ အော့အန်ခြင်းကို ပြန်လည်ဖြစ်ပွားလေ့ ရှိကြောင်း၊ ယခင်သွေးများ အော့အန်စဉ်က အော့အန်ပြီးချိန်တွင် လူကောင်းတစ်ဦးကဲ့သို့ အလုပ်များ ပြန်လည်လုပ်နိုင်ခဲ့ကြောင်း၊ ယခုအခါတွင် လွန်ခဲ့သော လေးရက်ခန့်မှ စတင်ကာ မ— မှာ သွေးများအော့အန်ပြီးနောက် သွေးစများအတွင်းမှ ဘလိတ်ဓားကဲ့သို့သော သံစများ ပါ၀င်ခဲ့ပြီး သံစများမှာ အခုရေ ၄၀၀ ကျော်ခန့်ထိ ရှိနေပြီး မ— မှာ အသက်ရှုမဝခြင်းများ ဖြစ်ပေါ်ခဲ့ရပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူခဲ့ရကြောင်း မိသားစုဝင်များထံမှ သိရပါတယ်။ မ– ၏ ရောဂါဖြစ်စဉ်မှာ ပုံမှန်ရောဂါလက္ခဏာဖြစ်စဉ်များနှင့် ကွဲပြားနေသောကြောင့် မိသားစုဝင်များ စိုးရိမ်နေလျက် ရှိနေပြီး မ—အား ဆေးကုသမှုများ ခံယူနိုင်ရန်အတွက် မြောင်းမြပြည်သူ့ဆေးရုံကြီးသို့ ဒီဇင်ဘာ ၂၅ ရက်ညတွင် ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ထားလျက်ရှိကြောင်း သိရှိရပါတယ်။

“ဖြစ်ခဲ့တာက နှစ်နှစ်ကျော်ပြီ။ အရင်က သွေးအန်လည်း ပြီးသွားရင် စက်ဘီးတွေ ဘာတွေတောင် ပြန်စီးနိုင်တယ်။ အဲဒီတုန်းက သူ့ကို ကျွန်တော်တို့က ဆေးရုံမှာလည်း ပြခဲ့တယ်။ ဓာတ်မှန်တွေလည်း ရိုက်တယ်။ ဖန်ပြောင်းတောင်မှ ကြည့်ခဲ့သေးတယ်။ ဘာရောဂါမှ မတွေ့ဘူး၊ ဆရာတော်တွေနဲ့ ပြပြီးတော့ ဆေးကုသတော့ ခဏပြန်ကောင်းသွားတယ်။ ဆရာတော်က သုံးဝါအထွက်တော့ ခံရဦးမယ်လို့ ပြောတယ်။ အခုပြန်ဖြစ်တာက လေးရက်ရှိပြီ ပထမအန်တော့ သွေးတွေပေါ့။ နောက်ကျတော့ သံတွေ ပါတယ်ပြောလို့ ကျွန်တော်တို့ ထင်တာက သံကောင်တွေ ပါတယ်ထင်တာ၊ အသေအချာကြည့်တော့မှ ပြောင်ပြောင်လေးတွေ တွေ့တော့ သံစတွေဖြစ်နေတယ်။ အန်တိုင်းလိုလို သံစတွေပါတယ်။မနေ့က သူ့ကို ဗောဓိမြိုင်ဆရာတော်ကြီးဆီမှာ ခေါ်သွားပြီးတော့ မန်းခိုင်းတော့ အသွားတုန်းကတော့ အောက်ဆီဂျင်ဘူးပါ ရှူသွားရတာ၊ လူကအသိမရှိဘူး။ ဆရာတော်ဆီရောက်တော့ ဆရာတော်က ကုသပေးပြီးတော့ သူထနိုင် ထိုင်နိုင် လာတယ်။ ကျောင်းထဲမှာတောင် လမ်းလျှောက်သွားသေးတယ်။ အိမ်ပြန်ခေါ်လာတော့ ထိုင်လိုက်လာတာ အခုအိမ်ရောက်တော့မှ သူပြန်လဲသွားတာ အခုဆို သွေးအန်တိုင်း ပါလာတဲ့ သံပြားလေးတွေက အခု ၄၀၀ လောက် ရှိပြီ” ဟု မ— ၏ဖခင်ဖြစ်သူ ဦးအောင်ဆွေက ပြောကြားခဲ့ပါတယ်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။