ပရဟိတမင်းသားကြီးလို့ တင်စားခံရသူ ရုပ်ရှင်မင်းသား ဝေဠုကျော် တစ်ယောက် ဒီဇင်ဘာလ(၂၅)ရက်နေ့က သူ့ရဲ့ ဖောင်ဒေးရှင်း နဲ့အတူ ကြောင်ဂေဟာကို သွားရောက်လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။

ထိပ်တန်းမင်းသားစာရင်းဝင်တဲ့ ဝေဠုကျော်ဟာ သန်လျင်မြို့နယ်၊ကျိုက်ခေါက် ဘုရားလမ်းဆုံ မှာ ရှိတဲ့ Gold Gold လေလွင့် ကြောင်ကယ်ဆယ်ရေး ဂေဟာ ကို သွားရောက်ပြီး တစ်သိန်းကျပ် လှုဒါန်းခဲ့တယ်လို့ ဝေဠုကျော်ဖောင်ဒေးရှင်းအဖွဲ့က တင်ထားပါတယ်။

တစ်ချိန်က လူကြိုက်များခဲ့တဲ့ နိုင်ငံကျော်မင်းသား ဝေဠုကျော်ဟာ အကယ်ဒမီဆုတစ်ဆုကိုလည်း ဆွတ်ခူးထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။

အများအကျိုးပြုလုပ်ငန်းတွေလုပ်ရင်းနဲ့ပဲ ဘဝကို ပျော်မွေ့နေတဲ့ မင်းသား ဝေဠုကျော်ကတော့ အနုပညာအလုပ်တွေသိပ်ပြီး မလုပ်ဖြစ်တော့ပေမယ့်လည်း ပရိသတ်အားပေးမှုကတော့ လျော့သွားခြင်းမရှိသေးတာကိုတွေ့ရမှာပါ။

အနုပညာအလုပ်ထက် ပရဟိတလုပ်ရတာကို ပိုနှစ်သက်ပုံရတဲ့ ကိုဝေကြီးကို တစ်နိုင်ငံလုံးက လူကြီးလူငယ်မရွေး ချစ်ခင်အားပေးကြတာဖြစ်ပါတယ်။

ကြက်ခြေနီအသင်းမှာလည်း သူမပါရင်မဖြစ်သလိုနိုင်ငံတော်ရဲ့ အကျိုးပြုလုပ်ငန်းတွေမှာလည်း တက်စွမ်းသလောက်ပါ၀င်ကူညီလေ့ရှိတာကြောင့် ပြည်သူအချစ်တော်မင်းသားအဖြစ် နာမည်ကြီးနေပါတယ်။

လက်တလောမှာတော့ ကြောင်ဂေဟာကို သွားရောက်လှုဒါန်းခဲ့တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းရဲ့ မွန်မြတ်တဲ့စိတ်ထားလေးအတွက် သာဓုခေါ်ခဲ့ပါဦး ပရိသတ်ကြီးရေ။ 

ပရဟိတမင်းသားကတော့ လူတွေကိုကူညီလှုဒါန်းတဲ့နေရာတင်မကဘူး တိရိစ္ဆာန်လေးတွေကိုလည်း ချစ်တတ်တာပါပဲ။ ပရိသတ်ကြီးရော ပိုချစ်သွားပြီလား

Source : WaiLukyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။