ကျော်ကိုကို၊အောင်သူတို့ပြီးထိုင်းလိဂ်ကိုပြောင်းရွှေ့

အပြီးမှာမြန်မာကစားသမားတွေရဲ့အိမ်မက်ဟာ

ထိုင်းကိုပြောင်းရွှေ့ရေးဖြစ်လာပါတယ်။မြင့်မားတဲ့

လစာရယ်လေ့ကျင့်ရေးအဆင့်အတန်းကွာခြားချက်

တွေဟာမြန်မာကစားသမားတွေအတွက်ပြည်ပထွက်

ကစားဖို့အဓိကအကြောင်းရင်းတစ်ရပ်ဖြစ်လာပါတော့တယ်။အခုဆိုရင်ကျော်ကိုကို၊အောင်သူပြီးနောက်မှာ

ထိုင်းလိဂ်ကိုပြောင်းရွှေ့တဲ့နောက်ထပ်မြန်မာကစားသမား

တစ်ယောက်ပေါ်ထွက်လာပြန်ပါပြီ။သူကတော့ဝင်းလှိုင်ဦး

ပါ။

ဆောက်သမ်းမြန်မာအသင်းရဲ့ကစားသမားဟောင်းဝင်းလှိုင်ဦးဟာထိုင်းကလပ်ရနောင်းအသင်းကိုပြောင်းရွှေ့ကစား

ခဲ့ပါပြီ။ရနောင်းအသင်းဟာအောင်သူ၊ကျော်ကိုကိုတို့ရဲ့

အသင်းတွေလိုပထမတန်းမဟုတ်ဘဲတတိယတန်းမှာပါ။

ဒါပေမယ့်ကျစ်လစ်တဲ့ဖွဲ့စည်းမှုနဲ့အတူပရိသတ်အားပေးမှု

အခိုင်အမာရှိတဲ့အသင်းလေးတစ်သင်းပါ။နောက်နှစ်ဘောလုံးရာသီတွေမှာလည်းအောင်မြင်မှုရဖို့

အလာအလာကောင်းတွေပိုင်ဆိုင်တဲ့အသင်းလေးတစ်သင်းဆိုလည်းမမှာပါဘူး။

န်မာပရိသတ်တွေများစွာရှိတဲ့ရနောင်းအသင်းကို

အရင်ကလည်းမြန်မာကစားသမားတွေလာရောက်ကစားခဲ့ဖူးပါတယ်။

သူကတော့တိုက်စစ်မှူးစည်သူသန်းပါ။စည်သူသန်းဟာ

ရနောင်းမှာခြေစွမ်းပြကစားနိုင်ခဲ့ပြီးပရိသတ်တွေရဲ့လက်ခုပ်သံများစွာရယူနိုင်ခဲ့သူပါ။အခုဝင်းလှိုင်ဦးကရော။

စည်သူသန်းလိုခြေစွမ်းတွေပြပြီးရနောင်းအသင်းကို

ဒီထက်ပိုမြင့်တဲ့အဆင့်တစ်ခုဆီပို့ဆောင်ပေးနိုင်မှာလား.

Source-Ranoung UTD

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။