အသံပါဝါကောင်းကောင်း တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေး ချစ်ခင်မှုတွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းကတော့ အမှားတစ်ခုအတွက် ပရိသတ်တွေနဲ့ မီဒီယာတွေကို တောင်းပန်စကားဆိုလိုက်ပါတယ်..။

အင်တာဗျူးတစ်ခုမှာ မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားအရေအတွက်ကို အမှတ်တမဲ့ မှားယွင်း ဖြေဆိုမိခဲ့တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တောင်းပန်လိုက်တာ ဖြစ်ပါတယ်..။

အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သူမရဲ့ အမှားကို သိသိချင်းပဲ သူမရဲ့ ဖေ့စ်ဘွတ် စာမျက်နှာကနေတစ်ဆင့် ပရိသတ်တွေနဲ့ မီဒီယာတွေကို တရားဝင် တောင်းပန်စကားပြောခဲ့တာ ဖြစ်ပါတယ်..။

Yangon City Christmas Festival အတွက် စာနယ်ဇင်း မိတ်ဆက်ပွဲ အင်တာဗျူးတစ်ခုမှာ အချိန်အခက်အခဲကြောင့် အခုလိုမှားယွင်းဖြေဆိုမိသွားတာပါလို့ ဆိုပါတယ်..။

သူမရဲ့ အမှားအတွက် အခုလို ရိုးရိုးသားသားဝန်ခံရဲတဲ့ စိတ်ဓာတ်လေးကတော့ ချီးကျူးစရာပဲ..။

သူမရဲ့ အဲ့ဒီပို့စ်အောက်မှာလည်း ပရိသတ်တွေက သူမရဲ့ အမှားတစ်ခုအတွက် အခုလို ဝန်ခံရဲတာကို ချီးကျူးစကားများ ဆိုထားကြတာ တွေ့ရပါတယ်..။

သူမကို ချစ်ခင်တဲ့ စိတ်နဲ့ ခွင့်လွှတ်နားလည်ပေးမယ်လို့ ယုံကြည်မိပြီး နောက်ကိုလည်း အခုလို အမှားမျိုး ထပ်မဖြစ်ဖို့အတွက် သူမဘက်က ပိုပြီး ဂရုစိုက်သွားပါမယ်လို့လည်း ပြောထားပါသေးတယ်..။

“ခုတလော အလုပ်တွေ အရမ်းများနေတဲ့အတွက် အဲ့လိုမှားသွားမှန်း ကိုယ်တိုင်သတိမထားမိလိုက်ဘဲ ဒီနေ့မှ official page မှာ ပရိသတ် အကိုတစ်ယောက်က cb ကနေလာ အသိပေးမှ ပြန်ကြည့်မိပြီး စိတ်မကောင်းဖြစ်ရပါတယ်..။

တကယ်တော့ မြန်မာပြည်မှာ တရားဝင်တိုင်းရင်းသား(၁၃၅)မျိုးပဲ ရှိတယ်ဆိုတာ စာထဲမှာ သင်ပြီးသားမို့ ဖြူဖြူသိပြီးသားပါ..။

ဒါပေမယ့် အင်တာဗျူးထဲမှာ (၁၃၈)မျိုးဆိုပြီး အမှုမဲ့အမှတ်မဲ့ ဖြေထားမိတာ ကိုယ်တိုင် ပြန်နားထောင်ကြည့်မိရတော့ စိတ်ထဲမကောင်း ဖြစ်မိပါတယ်..။

ခုလို အလုပ်များပြီး သတိလက်လွတ် ဖြေမိတဲ့အတွက် ချစ်ပရိသတ်အားလုံးနဲ့ မီဒီယာများကို ရိုသေလေးစား ရိုးသားစွာ တောင်းပန်ပါတယ်..။

ဖြူဖြူ့ကို ချစ်ခင်စိတ်နဲ့ ခွင့်လွှတ်နားလည် လက်ခံပေးမယ်လို့လည်း ယုံကြည်ပါတယ်..။

နောက်ကိုလည်း ဒီလိုအမှားမျိုး ထပ်မဖြစ်အောင် ဖြူဖြူ့ဘက်က ပိုပြီးဂရုစိုက်ပါ့မယ်ရှင့်..” လို့ သူမက ရေးသားတောင်းပန်လိုက်တာ ဖြစ်ပါတယ်..။

Source - ဖြူဖြူကျော်သိန်း fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။