ကျာ်ဖြိုးဝေဟာမြန်မာကစားသမားတွေဖြစ်တဲ့အောင်သူ၊

ကျော်ကိုကို၊ဝင်းလှိုင်ဦးတို့လို့ပဲထိုင်းနိုင်ငံမှာလာရောက်

ကစားခွင့်ရရှိတဲ့မြန်မာဘောလုံးသမားတစ်ယောက်ပါ။

အောင်သူနဲ့ကျော်ကိုကိုကထိုင်းပရီးမီးယားလိဂ်လို့

ခေါ်တဲ့အဆင့်မြင့်တန်းမှာဖြစ်ပြီးကျော်ဖြိုးဝေနဲ့ဝင်းလှိုင်ဦးကတော့T-3လို့ခေါ်တဲ့တတိယတန်းမှာပါ။အောင်သူက

Police Teroအသင်း၊ကျော်ကိုကိုကချင်ရိုင်းယူနိုက်တက်၊

ဝင်းလှိုင်ဦးကရနောင်းယူနိုက်တက်နဲ့ကျော်ဖြိုးဝေကတော့

ဖူးခက်စီးတီးမှာပါ။

ကျော်ဖြိုးဝေရဲ့ဘဝကတော့ဆန်းကျာ်တယ်လို့ပြောရ

မှာပါ။ကျော်ဖြိုးဝေဟာအရင်ကMNLကလပ်အသင်းတစ်သင်းဖြစ်တဲ့ဆောက်သမ်း

မြန်မာကစားသမားဟောင်းတစ်ယောက်ပါ။ဆောက်သမ်းမြန်မာမှာကစားနေရင်းလစာကိစ္စ

အဆင်မပြေတာကြောင့်ပရော်ဖက်ရှင်နယ်ဘောလုံးသမား

ဘဝကိုစွန့်လွတ်ပြီးထိုင်းမှာပန်းရံအလုပ်သမားအဖြစ်

သွားရောက်လုပ်ကိုင်ခဲ့ပါတယ်။ဒာပေမယ့်ကံကြမ္မာဟာ

သူ့ကိုပန်းရံလုပ်သားလေးတစ်ယောက်အဖြစ်မခံခဲ့ပါဘူး။

ထိုင်းမှာပန်းရံလုပ်နေရင်းသူဟာဖူးခက်စီးတီးအသင်းရဲ့

လူရွေးပွဲသတင်းကိုကြားသိခဲ့ရပါတယ်။သူ့ကံကြမ္မာ

ကိုမယုံရဲပေမယ့်လည်းကျော်ဖြိုးဝေဟာဖူးခက်အသင်းရဲ့

လူရွေးပွဲမှာသွားရောက်အရွေးခံခဲ့ပါတယ်။ထူးချွန်တဲ့

ဘောလုံးသမားဖြစ်တာကြောင့်ကျော်ဖြိုးဝေဟာ

ဖူးခက်အသင်းမှာကစားဖို့ထိုက်ထိုက်တန်တန်

အရွေးချယ်ခံခဲ့ရပါတယ်။ကံကြမ္မာရဲ့မျက်နှာသာ

ပေးမှုကိုတစ်ဖန်ပြန်ရရှိခဲ့တဲ့ကျော်ဖြိုးဝေဟာ

ဖူးခက်အသင်းမှာအောင်မြင်တဲ့ကစားသမားတစ်ယောက်

ဖြစ်အောင်ကြိုးစားသွားမယ်လို့ဆိုပါတယ်။

Source-Kyaw Phyo Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။