ယနေ့ည ၉ နာရီ ၃၀ မိနစ်မှာ ယှဉ်ပြိုင်ကစားမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းဟာ အိမ်ကွင်းမှာ ဘန်လေအသင်းကို လက်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပွဲက လက်စတာအသင်းနဲ့ သရေကျခဲ့တာကြောင့် မန်ယူအသင်းဟာ ရမှတ်တွေ ဆုံးရှုူံးထားရတာလည်းဖြစ်ပါတယ်။ရလဒ်ကောင်းတွေရယူထားနိုင်တဲ့ ဘန်လေအသင်းကလည်း ပြီးခဲ့တဲ့ ပွဲစဉ်မှာ စပါးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အဆင့် ၄ နေရာနဲ့ လွဲချော်ခဲ့တာလည်းဖြစ်ပါတယ်။

မန်ယူအသင်းဟာ ရမှတ် ၄၂ မှတ် ရရှိထားကာ အဆင့် ၂ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။အဆင့် ၁ နေရာက မန်စီးတီးအသင်းနဲ့ ၁၃ မှတ်ကွာဟနေတာလည်းဖြစ်ပါတယ်။အဆင့် ၃ နေရာက ချဲလ်ဆီးအသင်းကိုတော့ ၃ မှတ် ဖြတ်ထားနိုင်တာလည်းဖြစ်ပါတယ်။ဘန်လေအသင်းကတော့ ရမှတ် ၃၂ မှတ် ရရှိထားကာ အဆင့် ၇ နေရာမှာရှိနေတာလည်းဖြစ်ပါတယ်။ဘန်လေအသင်းအတွက်တော့ ရလဒ်ကောင်းတွေရယူထားနိုင်တဲ့ ရာသီတစ်ခုလည်းဖြစ်ပါတယ်။

မန်ယူအသင်းရဲ့ ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်းမှာတော့ လူကာကူ၊ မာတာ၊ ရက်ဖို့စ်၊ လင်ဂတ်၊ ပေါ့ဘာ၊ ဟာရဲရား တို့ကို ထည့်သွင်းအသုံးပြုသွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။ဘန်လေအသင်းရဲ့ ပွဲထွက်လူစာရင်းမှာတော့ ဟန်ဒရစ်၊ ဗိုကတ်၊ ဂတ်မန်ဆန်၊ ဒီဖော၊ အာဖီးလ်း တို့ကို ထည့်သွင်းအသုံးပြုသွားဖို့ရှိနေတာ လည်းဖြစ်ပါတယ်။မန်စီးတီးအသင်းကို ဖိအားပေးနိုင်ဖို့ မန်ယူအသင်းရမှတ်တွေ လိုအပ်နေတာလည်းဖြစ်ပါတယ်။အိမ်ကွင်း အိုးထရက်ဖို့စ် မှာတော့ ဘန်လေအသင်းကို အနိုင်ယူပြီး ၃ မှတ်ရယူသွားနိုင်ဖို့ ကြိုးစားအားထုတ်သွားရမှာလည်းဖြစ်ပါတယ်။အဝေးကွင်းမှာတော့ ဘန်လေအသင်းရလဒ်ကောင်းဖို့လွယ်ကူမှာမဟုတ်ပါဘူး။မန်ယူအသင်းက အနိုင်ရယူသွားနိုင်မှာပါ။ 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။