အမေရိကန်တပ်မတော်အနေဖြင့် မြန်မာ့တပ်မတော်ကို စစ်ရေးလေ့ကျင့်ရေးပွဲသို့ ် ဖိတ်ခေါ်ခဲ့ကြောင်း သိရှိရပါတယ်။ အမေရိကန်အနေဖြင့် ထိုင်းနဲ့ပေါင်းကာ Cobra Gold စစ်ရေးလေ့ကျင့်မှုကို အမြဲလိုလို နှစ်တိုင်းနီးပါး လုပ်ဆောင်ခဲ့ကြပါတယ်။ ယခုအခါတွင်လည်း လာမည့်နှစ်တွင် ကျင်းပမည့် (Cobra Gold) အမေရိကန်နှင့် ထိုင်းဦးဆောင်သော နိုင်ငံပေါင်းစုံစစ်ရေးလေ့ကျင့်မှုသို့ လေ့လာသူအဖြစ် တက်ရောက်ရန်မြန်မာ့တပ်မတော်သည် ပြန်လည်ဖိတ်ကြားခံခဲ့ရကြောင်း သိရှိရပါတယ်။ နှစ်စဉ်ကျင်းပမြဲ Cobra Goldစစ်ရေးလေ့ကျင့်မှုသို့ ပါဝင်ဆင်နွှဲ ရန် မြန်မာ့တပ်မတော်အား ထိုင်း နိုင်ငံက ဖိတ်ခေါ်ခဲ့ကြောင်း ပင်တဂွန်စစ်ဌာနချုပ် ပြောရေးဆိုခွင့်ရှိ သူ ဒုတိယဗိုလ်မှူးကြီး ခရစ္စတို ဖာလိုဂန်းက ရိုက်တာသတင်းဌာ နအား ပြောခဲ့ပါတယ်။ 

ထိုင်းတွင် နှစ်စဉ်ကျင်းပ သော Cobra Gold စစ်ရေးလေ့ ကျင့်မှုတွင် အမေရိကန်နှင့် ထိုင်း မှ ထောင်နှင့်ချီသည့် စစ်မှုထမ်း များနှင့် အခြားအာရှနိုင်ငံများမှ တက်ရောက်သူများပါဝင်ပါတယ်။ မြန်မာနိုင်ငံသည် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် သဘာဝ ကပ်ဘေးလျော့ပါးသက်သာရေး အစီအစဉ်တွင် လေ့လာသူအဖြစ် ဖိတ်ခေါ်ခံရကြောင်း လိုဂန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ယင်းဖိတ်ကြားချက်ကို မြန်မာဘက်က လက်ခံခြင်းရှိ၊ မရှိဆိုသည်မှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ သို့သော် မြန်မာပါဝင်ဆင်နွှဲရန် ထိုင်းအနေ ဖြင့် စိတ်အားထက်သန်နေ ကြောင်း ထိုင်းတော်ဝင်စစ်တပ်မှ ထိပ်တန်းအရာရှိတစ်ဦးက ရိုက် တာသတင်းဌာနသို့ ပြောပါတယ်။ ၂၀၁၇ Cobra Gold စစ်ရေး လေ့ကျင့်မှုတွင် ပါဝင်ဆင်နွှဲသူ (သို့မဟုတ်) လေ့လာသူအဖြစ် မြန်မာအပါအဝင် နိုင်ငံ ၂၉ နိုင်ငံပါဝင်ပြီး ၂၀၁၈ ယင်း စစ်ရေးလေ့ ကျင့်မှုကို ဖေဖော်ဝါရီတွင် ကျင်းပမည်ဟု သိရှိရပါတယ်။

ဘင်္ဂါလီအရေးနှင့် စပ်လျဉ်း ၍ စိုးရိမ်ပူပန်မှုများရှိသော်လည်း ထိုင်းအနေဖြင့် မြန်မာကို မည် သည့်အတွက်ကြောင့် ဖိတ်ခေါ်ခဲ့ သလဲဟု မေးမြန်းစဉ် ယင်းအ ရာရှိက ‘‘ဆွေးနွေးမှုတွေမှာ အဲဒီ အကြောင်းအရာဘယ်တော့မှ မပါဘူး။ ဘင်္ဂါလီပြဿနာကို ကျွန်တော်တို့က သတ်သတ်ထား တယ်။ ကျွန်တော်တို့ဟာ လေ့ကျင့်သင်ကြားရေး၊ ပညာရေးနဲ့ စစ် ရေးပူးပေါင်းဆောင်ရွက်မှုနဲ့ ပတ် သက်ပြီးတော့ အာရုံစိုက်ပါ တယ်။ဒီစစ်ရေးလေ့ကျင့်မှုမှာ မြန်မာ ပါဝင်လာဖို့ဆိုတာက ကျွန်တော် တို့ရဲ့ဆန္ဒပါ။ ဒါက နိုင်ငံရေးပါ။ ကျွန်တော်တို့ဟာ စစ်သားတွေပါ။ဒါက စစ်ရေးလေ့ကျင့်မှုဖြစ်ပါ တယ်’’ဟု အမည်မဖော်လိုသူ ယင်းအရာရှိကပြောခဲ့ပါတယ်။ ဘင်္ဂါလီအရေးနှင့် စပ်လျဉ်း ၍ နိုင်ငံတကာရှုတ်ချမှုများ ကြောင့် မြန်မာကို မဖိတ်ခေါ်ရန် အမေရိကန်စစ်တပ်က ထိုင်းကို ဖိ အားပေးရန် ကြိုးစားခဲ့ခြင်းရှိ၊ မရှိနှင့် ပတ်သက်၍ မေးမြန်းရာ ပင်တဂွန်စစ်ဌာနချုပ်က မှတ်ချက်ပေး ရန် ငြင်းဆိုခဲ့ပါတယ်။ အမေရိကန်နှင့် ထိုင်းသည် ဆယ်စုနှစ်များစွာ ပူးတွဲစစ်ရေး လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် ထိုင်းစစ်တပ် က အာဏာသိမ်းချိန် ၂၀၁၄ တွင် အေးစက်ခဲ့သော်လည်း သမ္မတ ဒေါ်နယ်ထရန့်လက်ထက်၌ ဆက် ဆံရေးပြန်လည်တိုးတက်လာခဲ့ပါတယ်။

Source – Reuters, 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။