တော်တော်လေးစျေးကြီးတဲ့ လက်စွပ်ကို အမှုမဲ့အမှတ်မဲ့ မေ့ပြီးလွှင့်ပစ်လိုက်မိခဲ့တာပါ။ဒီလောက် နံစော်နေတဲ့ အမှိုက်ထဲမွှေနှောက်ပြီးနောက် သူ့မိန်းမရဲ့ စိန်လက်စွပ်ကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ တနင်္လာနေ့က တရုတ်နိုင်ငံ Yangzhou, Jiangsu မှာနေထိုင်တဲ့ သူ့တို့လင်မယားဟာ မတော်တဆ အမှိုက်ထဲထိုစိန်လက်စွပ်ကို လွှင့်ပစ်ခဲ့မိကြောင်း ပြောခဲ့တယ်။

Beijing Times သတင်းအရ Xiaအမည်ရှိ အမျိုးသမီးက သူမအိမ်ကိုဒီဇင်ဘာ (၁၈)ရက်နေ့က သန့်ရှင်းနေရင်း ယွမ်၁၁ဝဝဝဝ(ဒေါ်လာ ၁၆၇ဝဝ) တန် စိန်လက်စွပ်ကြီးကို မတော်တဆ အမှိုက်ထဲလွှင့်ပစ်ခဲ့မိတယ်။ သူမလက်စွပ်ပျောက်နေတာကို သတိထားမိတဲ့အချိန်မှာတော့ အရမ်းကိုနောက်ကျသွားပါပြီ။

အမှိုက်သိမ်းဌာနတွေနဲ့ လိုက်ဆက်သွယ်ပြီး သူမအိမ်ကယူသွားတဲ့ အမှိုက်ရှိတဲ့နေရာကို မရရအောင်လိုက်စုံစမ်းခဲ့တယ်။ အမှိုက်တွေကနည်းတာမဟုတ်ဘူး။ ဒီလိိုရှာနေရင် မိုးလင်းသွားမယ်လို့ တာဝန်ရှိသူကဖျောင်းဖျပေမယ့်လည်း လင်မယားနှစ်ယောက်လုံး အပြင်းထန်တောင်းဆိုနေတာမို့ ခွင့်ပြုလိုက်ရပါတယ်။

ဒါပေမယ့် သူတို့လင်မယားနှစ်ယောက်တည်းကို မရှာဖွေစေခဲ့ပါဘူး။ အခြားလုပ်သားတွေလည်း ဝိုင်းကူပြီးရှာပေးခဲ့တာပါ။ကံကောင်းလို့ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ပိုင်းမှာ ၁၃ တန်ရှိတဲ့ အမှိုက်တွေထဲကို သူမလက်စွပ်ကြီးကို လုုပ်သား (၈)ယောက်ရဲ့အကူညီနဲ့တွေ့ရှိခဲ့ပါတယ်။ Xia ရဲ့လက်စွပ်ထက် ထိုလုပ်သား (၈)ယောက်က ပိုပြီးတန်ဖိုးရှိကြောင်း သူမက အင်တာဗျုးမှာပြောခဲ့ပါတယ်။

source - hla taw thar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။