G-Dragon တစ်ယောက်ကတော့ သူရဲ့ အဖွဲ့သားတွေကို ကြမ်းပြင်မှာ ဦးတိုက်ပြီး လေးလေးစားစား တောင်းပန်ခဲ့တယ်လို့ သိရပါတယ်..။

အကြောင်းကတော့ ချိန်းထားတာကို အရမ်းနောက်ကျမှ ရောက်သွားခဲ့တဲ့ အတွက်ကြောင့်ပါတဲ့..

ကမ္ဘာကျော် အဆိုတော်တစ်ယောက် ဖြစ်ပေမယ့် အမြဲနှိမ့်ချတတ်တဲ့ G-Dragon ရဲ့ စိတ်ထားနဲ့ အပြုအမူတွေကတော့ အတုယူ လေးစားစရာကောင်းသလို ချီးကျူးစရာလည်း ကောင်းလှပါတယ်..။

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က Big Bang အဖွဲ့ဟာ ဖျော်ဖြေပွဲ မလုပ်ခင် တစ်ရက်မှာ rehearsal တွေကိုဖျော်ဖြေမယ့် ခန်းမထဲ ပြုလုပ်နေခဲ့ကြပါတယ်..။

အကြိုလေ့ကျင့်မှုလုပ်ဖို့အတွက် အဖွဲ့သားတွေ အားလုံးစုံနေကြပြီး G-Dragon ကတော့ အချိန်အတော်ကြာတဲ့အထိ တော်တော်လေးနောက်ကျနေပြီး ရောက်မလာသေးပါဘူး..။

Taeyang၊ Seungri နဲ့ Daesung တို့အပြင် အခြားအဖွဲ့သားတွေက နောက်ကျနေတဲ့ G-Dragon ကို ခန်းမထဲမှာ ရောက်ရှိနေကြပြီး အချိန်တော်တော်ကြတဲ့အထိ စောင့်နေခဲ့ကြပါတယ်..။

ဒါပေမယ့် အချိန်တေယ်တော်ကြာစောင့်ပြီးတဲ့ အထိ G-Dragon ရောက်မလာတဲ့အတွက် မလာတော့ဘူးလို့ ဆုံးဖြတ်လိုက်ကြပြီး အကြိုလေ့ကျင့်မှု စတင်လုပ်ခဲ့ကြပါတယ်..။

သိပ်မကြာခင်မှာပဲ G-Dragon ရောက်ရှိလာခဲ့ပြီး သူအခုလို နောက်ကျခဲ့တဲ့အတွက် အရမ်းကို အားနာပြီးတော့ ကိုရီးယား ရိုးရာလို အရိုအသေပေးပြီး လေးလေးစားစားနဲ့ ကြမ်းပြင်ကို ဦးတိုက်ကာ တောင်းပန်ခဲ့ပါတယ်..။

ဒါပမေယ့်လည်း အချစ်ဆုံး သူငယ်ချင်းတွေဖြစ်သလို bigbang အဖွဲ့သားလည်းဖြစ်တဲ့ Taeyang က စိတ်မဆိုးဘဲ G-Dragon ကို ပွေ့ဖက်ပြီး ကြိုဆိုခဲ့ပါတယ်..။

Source - KStarLive

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။