Lenovo ကတော့ နေရာတစ်ခု အခိုင်အမာရထားတဲ့ နာမည်ကျော် အီလက်ထရောနစ် ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ Lenovo အနေဖြင့် ကွန်ပြူတာတွေ လက်တော့ပ်တွေထုတ်လုပ်ရာမှာ နာမည်ကျော်ကြားပါတယ်။ Lenovo အနေဖြင့် မိုဘိုင်းဖုန်းစျေးကွက်မှာလည်း တစ်နေရာချဲ့ထွင်လာပါတယ်။ ယခုအခါမှာတော့ Lenovo၏နောက်ဆုံးထွက်ရှိထားတဲ့ K8 Note ဖုန်းကို တင်ပြပေးလိုက်ပါတယ်။  

K8 Note အနေဖြင့် Mediatek Helio X23 Chipset ကိုအသုံးပြုထားပါတယ်။ CPU ကတော့ Deca-core 2.3 GHz ဖြစ်လို့ မြန်ဆန်သွက်လက်နေမှာပဲဖြစ်ပါတယ်။ ဖုန်းကို Android 7.1.1 (Nougat) အသုံးပြုကာ ထုတ်လုပ်ထားပါတယ်။ ဖုန်း၏မျက်နှာပြင်အကျယ်က 5.5 လက်မ အကျယ်ရှိကာ 1920x1080 pixels ရှိတာကို တွေ့ရှိရမှာပါ။ ဖုန်းမှာ ပါ၀င်တဲ့ RAM ကတော့ 4 GB ဖြစ်ပါတယ်။ RAMကလည်း သင့်အတွက် လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ရာမှာ သင့်တော်ပါတယ်။  

ဖုန်း၏ ဘက်ထရီကတော့ 4000 mAh ဖြစ်တာကြောင့် အချိန်ကြာမြင့်စွာ အသုံးပြုနိုင်မှာပါ။ K8 Note မှာတော့ မှဏ်ညဏ်သိုလှောင်နိုင်စွမ်းက 64 GB ဖြစ်ပါတယ်။ အကယ်၍ 64 GBကသင့်အတွက် မလုံလောက်ခဲ့ဘူးဆိုရင် SD Card ကိုအသုံးပြု၍ 256 GB အထိ တိုးမြင့်နိုင်ပါတယ်။ ကင်မရာကတော့ Dual Camera အမျိုးအစားဖြစ်ကာ ပါ၀င်တဲ့ကင်မရာ၂လုံးကတော့ 13 megapixel ဖြစ်ပါတယ်။ Selfie ဆွဲရန် 5 Megapixels ပါ၀င်တဲ့ ကင်မရာတစ်ခုလည်း ပါ၀င်တာကြောင့် Selfie ဆွဲဖို့ကောင်းမွန်ပါတယ်။ K8 Note ရဲ့စျေးနှုန်းကတော့ ၃သိန်း၉သောင်း၉ထောင် ဖြစ်ပါတယ်။

Hein (Mg Lu Aye)

Source – Gadgets.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။