ပရိသတ်ချစ်တော် ၀ုိင်းစုကတော့ ခရစ်စမတ်ညမှာ ပျော်ရွှင်စွာနဲ့ဖြတ်သန်းခဲ့ပါတယ်။သူမဟာ မော်လမြိုင်မြို့ကို ရောက်ရှိနေတာဖြစ်ပြီ The Evolution မော်လမြိုင် X’mas ပွဲမှာ လှုပ်လှုပ်ရှားရှားလေးနဲ့ပရိသတ်ကို ပျော်ရွှင်စေခဲ့ပါတယ်။

ဆွဲဆောင်မှုအပြည့်နဲ့ မော်လမြိုင်ပရိသတ်ကို ဖမ်းစားခဲ့တဲ့သူမဟာ အမြဲတမ်းကိုလှပနေပါတယ်။အဆိုတော်၊သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး သီချင်းအဆိုပိုင်းမှာသာမက သရုပ်ဆောင်ပိုင်းမှာလဲ ထူးချွန်သူတစ်ယောက်ပါ။သူမဟာ သီချင်းအယ်ဘန်များစွာထွက်ရှိခဲ့ပြီး အခွေတိုင်းဟာလည်း ပရိသတ်အားပေးမှုများစွာရရှိခဲ့ပါတယ်။

သူမနောက်ဆုံးထွက်ခဲ့တဲ့ အယ်ကတော့ ဂါ ဖြစ်ပြီး ဒီအယ်ဘန်လဲ လူကြိုက်များနေပါတယ်။သူမဟာ ဆွဲဆောင်မှုရှိတဲ့ အသံအချိုချိုလေးနဲ့ ပရိသတ်ကိုအမြဲဖမ်းစားနေသူပါ။အခုလည်း မော်လမြိုင်ပရိသတ်ရဲ့ ရင်ထဲမှာတော့ သူမကရောက်ရှိနေပါပြီ။သူမကို အားပေးတဲ့ပရိသတ်တွေလည်း အံ့မခန်းလာရောက်အားပေးခဲ့ကြပါတယ်။ 

photo - aye zaw moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။