Motor Sportလို့ခေါ်ကြတဲ့ပြိုင်ကားမောင်းပြိုင်ပွဲတွေဟာ

ကမ္ဘာ့မှာခေတ်စားပေမယ့်မြန်မာပြည်မှာတော့အလှမ်း

ဝေးနေဆဲပါ။ပြိုင်ကားမောင်းသမားတွေများစွာရှိပေမယ့်

ကွင်းအခက်အခဲတွေရှိနေတာကြောင့်Motor Sportဟာ

မြန်မာပြည်မှာတိုးတက်သင့်သလောက်မတိုးတက်ဘူး

လို့ဆိုရမှာပါ။မြန်မာပြိုင်ကားမောင်းသမားတစ်ဦး

ဖြစ်တဲ့ကိုအေးမင်းဟာထိုင်းနိုင်ငံပတ္တယားဒေသက

Bira Citcuitကွင်းမှာအောင်ပွဲရယူပြီးမြန်မာ့ပြိုင်ကား

လောကရဲ့ဂုဏ်ဆောင်ခဲ့ပါတယ်။

ကိုအေးမင်းဟာနိုင်ငံတကာကပြိုင်ပွဲဝင်တွေများစွာ

ပါဝင်တဲ့အဆိုပါပြိုင်ပွဲမှာဗိုလ်မစွဲခဲ့ပေမယ့်အဆင့်နှစ်ရရှိခဲ့

ပါတယ်။အကြမ်းစားကားကြီးတွေနဲ့ယှဉ်ပြိုင်ကြတဲ့

ပြိုင်ပွဲဝင်တွေကိုတစ်ကွင်းလုံးမှာအစုတ်ဆုံးကားစုတ်

လေးနဲ့ယှဉ်ပြိုင်ပြီးTurbo Classမှာအဆင့်နှစ်

ရရှိခဲ့တဲ့သူ့ကိုထိုင်းမီဒီယာတွေကဝိုင်းဝန်းချီးကျူး

ခဲ့ကြပါတယ်။မြန်မာပြည်လိုMotor Sportမဖွံဖြိုး

သေးတဲ့နေရာတစ်ခုကအခုလိုအောင်ပွဲရယူ

နိုင်ခဲ့မှုဟာတကယ့်ကိုအံ့သြစရာပါ။

ကိုအေးမင်းကတော့သူ့အောင်မြင်မှုအတွက်တကယ်ကို

ဝမ်းသာနေပါတယ်။သူသာမကပဲမြန်မာ့ပြိုင်ကားလောကကြီးတစ်ခုလုံးကလည်းကိုအေးမင်းရဲ့အောင်မြင်မှုအပေါ်ဂုဏ်ယူနေကြတာကို

တွေ့ရပါတယ်။အဆိုပါထိုင်းနိုင်ငံကပြိုင်ပွဲမှာကိုအေးမင်း

နဲ့အတူတစ်ခြားမြန်မာပြိုင်ကားမောင်းသမားတွေလည်း

ပါဝင်ခဲ့တာတွေ့ရပြီးဆုတံဆိပ်တွေရယူနိုင်ခဲ့တယ်လို့

သိရပါတယ်။မြန်မာပြာ်မှာနိုင်ငံတကာမှာလိုပြိုင်ကားမောင်း

ကွင်းတွေရှိမနေပေမယ့်မြန်မာပြည်ရဲ့ဂုဏ်ကိုဆောင်နိုင်ခဲ့တဲ့ကိုအေးမင်းရဲ့စွမ်းဆောင်ရည်ကတော့တကယ်ကို

ချီးကျူးစရာပါ။

Source-Aye Minn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။