အီတလီနိုင်ငံ ဗာတီကန်မြို့တော်မှာရှိတဲ့ စိန့်ပီတာရင်ပြင်မှာ ခန္ဓာကိုယ် အပေါ်ပိုင်းဗလာနဲ့ အမျိုးသမီးတဦးဟာ ယေရှုခရစ်တော် ကိုဖြတ်စီးဖို့ ကြိုးစားခဲ့တာပါ။

ဒီဇင်ဘာ ၂၅ ရက်နေ့ကဖြစ်ပွားခဲ့တာဖြစ်ပြီး စိန့်ပီတာရင်ပြင်မှာ ယေရှုခရစ်တော် ဖွားမြင်ခန်းအကြောင်း ပြသထားတဲ့ ရုပ်တုတွေထဲကယေရှုခရစ်တော်ရဲ့ ကလေးဘဝရုပ်တုကို အဲဒီအမျိုးသမီးက ဖြုတ်ယူဖို့ ကြိုးပမ်းခဲ့တာပါ။

ဒီဖြစ်ရပ်ဟာ ရင်ပြင်မှာ စုရုံးရောက်ရှိလာကြတဲ့ ပရိသတ် ၅ သိန်းခန့်ကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ခရစ္စမတ် အမှာစကား မမြွက်ကြားမီ ၂ နာရီခန့်အလိုက ဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီအမျိုးသမီးဟာ ဣတ္ထိယဝါဒီ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဖီးမန်းအဖွဲ့က တက်ကြွလှုပ်ရှားသူတဦးလည်း ဖြစ်ပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနဲ့ အဲဒီအမျိုးသမီးဟာ လုံခြုံရေးအတားအဆီးကို ခုန်ကျော်ပြီး ယေရှုခရစ်တော် ဖွားမြင်ခန်းအကြောင်း ပြသထားတဲ့ ရုပ်တုတွေရှိရာကို “ဘုရားသခင်ဟာ အမျိုးသမီးဖြစ်တယ်” လို့ အော်ဟစ်ပြီး ပြေးသွားခဲ့တာပါ။

အဲဒီစာသားကို သူ့ရဲ့ နောက်ကျောမှာလည်း ရေးသားထားတာဖြစ်ပါတယ်။

အဲဒီအမျိုးသမီးရဲ့ အဖွဲ့ဖြစ်တဲ့ ဖီးမန်းအဖွဲ့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားချက်အရ သူ့နာမည်ဟာ အလီဆာဗွန်နိုဟရာဒိုဗာဖြစ်ပြီး “လိင်အစွန်းရောက်သမား” လို့ ရေးသားဖော်ပြထားပါတယ်။

ယူကရိန်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ဖီးမန်း ဣတ္ထိယဝါဒီအဖွဲ့ရဲ့ ရည်မှန်းချက်ဟာ “အမျိုးသားကြီးစိုးရေးကို အပြီးတိုင် လွှမ်းမိုးအနိုင်ယူရေး” ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

source - DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။