ရတနာပုံအသင်းရဲ့ဘယ်ဂျီယံနည်းပြမစ္စတာ

ရီနီထွက်ခွာသွားပြီးနောက်နည်းပြသစ်ဖြစ်လာသူက

ရတနာပုံကစားသမားအောင်ကျော်မိုးပါ။MNL

စတင်ကတည်းကရတနာပုံအသင်းမှာကစား

လာတဲ့အောင်ကျော်မိုးဟာကစားသမားဘဝ

ကနေအနားယူသွားပြီးနောက်မှာလည်းရတနာပုံနည်းပြအထွဲ့မှာဝင်ရောက်လုပ်ကိုင်ခဲ့တာပါ။ဒီနှစ်

ဘောလုံးရာသီမှာချန်ပီယံဆုဖလားကိုလက်လွတ်ယလိုက်ရပြီးနောက်မှာရတနာပုံအသင်းဟာအပြောင်းအလဲ

လုပ်တဲ့အနေနဲ့မစ္စတာရီနီကိုထုတ်ပြီးအောင်ကျော်မိုးကို

နည်းပြခန့်အပ်ခဲ့တာပါ။

ရှမ်းယူနိုက်အသင်းမှာစိုးမြတ်မင်းနည်းပြအဖြစ်အောင်မြင်

နေသလိုအောင်ကျော်မိုးအနေနဲ့ရတနာပုံအသင်းကို

အောင်မြင်မှုတွေပြန်လည်ယူဆောင်ပေးနိုင်မလား

ဆိုတာတော့နောက်နှစ်ဘောလုံးရာသီမှာစောင့်

ကြည့်သွားရမှာပါ။ရတနာပုံအသင်းဟာ

နောက်နှစ်မှာပြည်တွင်းကစားသမားတွေနဲ့သာ

ယှဉ်ပြိုင်သွားမှာဖြစ်ပြီးအသင်းရဲ့အဓိကကစားသမား

အောင်သူလည်းထွက်ခွာသွားလို့အင်အားနည်းနေတာ

တော့အမှန်ပါပဲ။အောင်ကျော်မိုးအနေနဲ့ရတနာပုံအသင်းကိုစိုးမြတ်မင်းရှမ်း

အသင်းကိုချန်ပီယံဆုယူပေးနိုင်သလိုရယူပေးသွားမလား

ဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပါ။

အောင်ကျော်မိုးဟာရတနာပုံအသင်းရဲ့သမိုင်းတလျှောက်

တတိယမြောက်ပြည်တွင်းနည်းပြချုပ်ဖြစ်လာပါတယ်။

နည်းပြအတွေ့အကြုံနုနယ်သေးပေမယ့်ကစားသမားဘဝ

မှာတော့အကောင်းဆုံးခြေစွမ်းပြခဲ့သူတစ်ယောက်ဖြစ်ပါတယ်။အောင်ကျော်မိုးဟာ1999ခုနှစ်ဘရူနိုင်းဆီးဂိမ်းမှာ

လက်ရွေးစင်ကစားသမားဘဝကိုစတင်ဖြတ်သန်းခဲ့ပြီး

MNL Cup2009မှာလည်းအကောင်းဆုံးကစားသမား

ဆုကိုရှိခဲ့ပါတယ်။ရတနာပုံနည်းပြဘဝမှာရော

သယအောင်မြင်မှုတွေဆက်လက်ဆွတ်ခူးနိုင်မလားဆိုတာကတော ့..

Source-YDNB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။