ကိုယ်ဝန်ဆောင်ပရိသတ်တစ်ဦးကို ပျော်ရွှင်အောင်လုပ်ပေးလိုက်တဲ့ တေလာဆွစ်

အသက်(၂၈)နှစ်အရွယ် အဆိုတော် တေလာဆွစ် ဟာ သီချင်းကောင်းလေးတွေဖန်တီးသီဆိုရင်း တစ်ကမ္ဘာလုံးက ပရိသတ်တွေကြိုက်ကြတဲ့ နာမည်ကျော် ဆယ်လီတစ်ဦးဖြစ်ပါတယ်။

စိတ်ရင်းစေတနာကောင်းပြီး ပရဟိတအလုပ်တွေလည်း လုပ်ဖြစ်တာကြောင့် ဂုဏ်သတင်းမွှေးနေတဲ့ တေလာဆွစ်ဟာ သူမရဲ့ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့လို့ရတဲ့ Swift Life လို့ခေါ်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကို ဖွင့်လှစ်ပေးထားတာဖြစ်ပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူမကိုချစ်တဲ့ပရိသတ်တွေ ကို တစ်စုတစည်းထဲ ဆက်သွယ်ပြောဆိုနိုင်တဲ့ ဆိုရှယ်မီဒီယာတစ်ခုဖြစ်တာကြောင့် အဲ့ဒီမှာ ပရိသတ်တစ်ဦးက အခက်အခဲဖြစ်နေချိန်မှာ တေလာဆွစ်ရဲ့ အကူအညီတွေရရှိခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောပြလာတာဖြစ်ပါတယ်။

"ကျွန်မဒီအကြောင်းကို ဒီမှာတင်ရင်ကောင်းလားမကောင်းဘူးလားဆိုတာ ခဏတော့ စဉ်းစားလိုက်ပါသေးတယ် ဒါပေမယ့် ကျွန်မအတွက် တေလာကူညီလုပ်ပေးခဲ့တာတွေကို အားလုံးကိုပြောပြဖို့ ဆုံးဖြတ်လိုက်ပါတယ် " ဆိုပြီး သူမရဲ့ ဖြစ်စဉ်အစအဆုံးကို ရင်ဖွင့်လိုက်ပါတယ်။

ချစ်စရာကောင်းပြီး ပရိသတ်တွေအတွက် မာန်မာနမရှိပဲ အမြဲတမ်းထည့်တွက်စဉ်းစားပေးလေ့ရှိတဲ့ တေလာကို ပရိသတ်တွေကလည်း ရူးရူုးမူးမူးကို သဲသဲလှုပ်ချစ်ကြတာပါ။ တေလာဆွစ် ရဲ့ အမာခံပရိသတ်ဖြစ်သူ စတက်ဖနီ ဟာ ကိုယ်ဝန်ဆောင်ထားချိန်မှာ သူမရဲ့ ချစ်သူကောင်လေး မက်သရူးကလည်း အလုပ်ပြုတ်သွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒါြ့ပင် သူတို့ရဲ့ တိုက်ခန်းဟာ လုံခြုံရေးပြဿနာတွေကြောင့် ပိတ်ခံထားရပြီး ဘာဆိုဘာတစ်ခုမှ မရှိတဲ့ ဘဝမျိုးကိုရောက်ခဲ့ကာ အိမ်ခြေယာမဲ့ ဖြစ်သွားခဲ့ပါတယ်။"ကျွန်မအမေက ဒီအကြောင်းကို တေလာ့ကို ပြောပြပြီး ကျွန်မ သွားကြည့်တဲ့ သူ့ရဲ့မန်ချက်စတာရှိုးပွဲမှာ ကျွန်မ စိတ်ချမ်းသာသွားအောင် တစ်ခုခုပြောပေးဖို့ တောင်းဆိုလိုက်တယ်။ ရှိုးပွဲအပြီးမှာ တေလာက ကျွန်မတို့ကို သူ့ရဲ့အဝတ်လဲခန်းကို ခေါ်သွားတယ်" လို့ သူမက ဆိုပါတယ်။ အံ့ဒီနောက်မှာတော့ တေလာက

"စတက်ဖနီ..ရှင်က ကျွန်မဘဝထဲမှာ ရှိနေခဲ့တာ ဟိုးအရင်ကတည်းက။ ဒါပေမဲ့ ဘာမှ ရှင် ကျွန်မကို မတောင်းဆိုခဲ့ဘူး။ ရှင်သာ ပြောရင် ကျွန်မ ကူညီမှာပေါ့။ ဒါပေမဲ့ ရှင်မပြောခဲ့ဘူးနော်။ ရှင့်အမေက ကျွန်မကို ပြောပြတယ်" ဆိုပြ၊ီး ပြောခဲ့တဲ့ တေလာရဲ့ စကားတွေကို စတက်ဖနီက ပြန်လည်ပြောပြခဲ့တာပါ။

"အဲနေ့ညက ကျွန်မရဲ့လက်မှတ်ဖိုးငွေကို ပြန်ပေးချင်တယ်လို့ သူမက ပြောတယ်။ တကယ်တမ်း သူလုပ်ပေးခဲ့တာက ကျွန်မအတွက် အိမ်နဲ့ ကျွန်မကလေးအတွက် လိုအပ်တာအားလုံးကို ဝယ်ပေးခဲ့တာပါပဲ။ ရှင့်ရဲ့သမီးလေးနဲ့ ရှင့်ကို ပျော်စေချင်တယ်၊ ဒါတွေအတွက် စိတ်မပူစေချင်ဘူးလို့ သူက ကျွန်မကိုပြောတယ်" လို့ စတက်ဖနီက ပြောပြခဲ့ပါတယ်။

အသံနဲ့ လူလေးကလည်း ချစ်စရာကောင်းသလို စိတ်ထားလေးလည်းကောင်းတဲ့ တေလာဆွစ်ကို သူမရဲ့ အမာခံပရိသတ်ဖြစ်သူ စတက်ဖနီကတော့ ချီးမွမ်းခန်းဖွင့်ပြီး ဆိုရှယ်မီဒီယာပေါ် မျှဝေခဲ့တာဖြစ်ပါတယ်။

တေလာဟာ အသက်ငယ်ရွယ်စဉ်ကထဲက ၀င်ငွေအကောင်းဆုံးအဆိုတော်စာရင်းမှာ ရပ်တည်နေပြီး သူမရဲ့ ချမ်းသာကြွယ်ဝမှုပိုင်ဆိုင်မှုတွေထဲကလည်း မကြာခဏဆိုသလို လိုအပ်နေတဲ့သူတွေ ၊ ပရဟိတအဖွဲ့အစည်းတွေ ၊ရောဂါသည်ကလေးငယ်တွေကိုလှုဒါန်းလေ့ရှိသလို ပျော်ရွှင်အောင် စိတ်နှစ်ပြီး ကူညီလေ့ရှိပါတယ်။

ပရိသတ်ကြီးရေ တေလာကတော့ စိတ်ထားကောင်းလွန်းလို့ ပရိသတ်တွေအချစ်ပိုနေရပါတယ်။

Source :Dailymail 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။