ကျွဲကောသီးကိုအရမ်းကြိုက်တဲ့ အထဲရွှေမြန်မာတွေပါမယ်ထင်တယ်နော်။ ရာသီပေါ်အသီးအနှံထဲမှာတစ် ကယ်အရသာရှိတဲ့ အသီးတစ်မျိုးပေါ့ ။ကျွဲကောသီးကို မြန်မာနိုင်ငံရဲ့နေရာဒေသမရွေးတော့ မရနိုင်ပါဘူး။ တစ်ချို့ ဒေသတွေမှာဘဲ စိုက်ပျိုးဖြစ်ထွန်းတာကို တွေ့ရှိရပါတယ်။ ကျွဲကောသီးရဲ့အစွမ်းသတိတွေကိုတော့ ခုဖော် ပြပေးသွားမှာပါနော်။ ကျွဲကောသီးကို ဒီအတို််င်း ရာသီပေါ်အသီးအနေနဲ့သုံးဆောင်ကြသလို၊ ကျန်းမာရေး အတွက်လည်းတော်တော်ကို အစွမ်းထက်တဲ့ သီးနှံတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ဘယ်သူတွေက သုံးသင့်လဲ ဘယ်ရောဂါတွေကို ထိထိမိမိပျေက်ကင်းနိုင်လဲဆိုတာတော့ ဆီးချိုသမားတွေအတွက်ပါပဲနော်။ ဆီးချိုဆိုလိုက် တာနဲ့လူတိုင်းနီးပါးမဟုတ်ရင်တောင် တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ခုပါ။ ဒါကြောင့် ဆီးချိုရောဂါ ကိုဘယ်လိုလုပ်ရင် ပျေက်ကင်းသလဲဆိုတာ ဖော်ပြပေးလိုက်ရပါတယ်။

ကျွဲကောသီးက ဆီးချိုသမားတွေအတွက် သွေးတွင်း အချိုဓါတ်ကို လျော့ချပေးနိုင်တယ်ဆိုတာ မိတ်ဆွေသိပါ လား။ပြီးတော့ ကျွဲကောသီးက အစားစားချင်စိတ်ကို တိုးပွားစေပါတယ်တဲ့။ အစားစားချင်စိတ်ကြောင့် ကစီဓါတ် စားချင်စိတ်ကို လျော့ကျစေပြီး အချိုဓာတ်ဖြစ်ပွားနှုန်းကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဝတဲ့သူတွေ အနေနဲ့ ဝိတ်ချတဲ့နေရာမှ ကျွဲကောသီးကို စားပေးဖို့မေ့ပါနဲ့နော်။ ကျွဲကောသီးဟာ သွေးတွင်း ကိုလက်စထရော ကိုလျော့ချပေးနိုင်လို့ သွေးတိုး၊နှလုံးရောဂါတွေကို သက်သာစေပါတယ်။ကျွဲကောသီးက ဗီတာမင်စီနဲ့ ပိုတက်စီ ယယ်တွေ ပါဝင်တဲ့အတွက် မလိုအပ်တဲ့ ဓာတ်တွေကို ဆီးအဖြစ်စွန့်ထုတ်ရာမှာ အထောက်အကူဖြစ်စေနိုင်ပါ တယ်။ဆီးချိုကြောင့် နာဗ်ကြောနဲ့ဆို်င်တဲ့ ပြသာနာတွေ၊ ကြွက်သားတင်းတင်းရင်းရင်းဖြစ်နေတာတွေ၊ ခန္ဓာကိုယ် တွဲကျတာတွေကို သက်သာစေပါတယ်။ နောက်သက်သာစေတဲ့ဝေဒနာတွေကတော့ ပန်ကရိယာ၊ ရင်သား၊ အူ စတဲ့နေရာတွေမှာ ကင်ဆာဆဲလ်၊အကျိတ်တွေ ဖြစ်မလာဖို့ကို ကူညီပေးပါတယ်။

ဆီးချိုသမားတွေက အစားစားရှောင်ခြင်း အနေအထိုင်ဆင်ခြင်း ခြင်းတို့ကို လုပ်ပေးရတဲ့အတွက် ချူချာခြင်းများ ဖြစ်ပွားခံစားရလည်း့ရှိပါတယ်။ဟိုမစားရ၊ ဒီမစားရနဲ့ တော်တော်လေးကို သတိထားနေရပါတယ်နော်။ ဒါကြောင့် ဆီးချိုဖြစ်လာပြီးဆိုရင် သူတို့ရဲ့ခန္ဓာကိုယ်ဟာလိုအပ်တဲ့ အဟာ ရဓာတ်တွေကို စုပ်ယူနိုင်စွမ်းလျော့နည်းလာတာ ကိုတွေ့မြင်ခံစားရပါတယ်။ ဒါကြောင့် အဲဒီပြသာနာတွေ အဆင်ပြေစေဖို့ ကျွဲကောသီးဟာ မရှိမဖြစ်ပါနော်။ ထင် မှတ်မထားတဲ့ ရာသီးပေါ်အသီးအနှံတွေကလည်း ကျန်းမာရေးအတွက်များစွာအထောက်အကူပြုနိုင်ပါတယ်။ ဆီးချိုသမားတွေက လေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်လုပ်ပေသင့်ပါတယ်။ အပြေးလေ့ကျင့်ခြင်း၊ တရားထိုင်ခြင်း၊ တွေကို ပုံမှန်လုပ်ပေးပါလို့ အမှာစကားပါးလိုက်ပါရစေ။ ကျန်းမာရွှင်လန်းနိုင်ကြပါစေ။

Source : ကြေးမုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။