အာရှရဲ့ နာမည်ကျော် Kpop အဖွဲ့ဖြစ်တဲ့ Big Bang ရဲ့ စတားနှစ်ယောက်ဖြစ်တဲ့ G-Dragon နဲ့ Taeyang တို့ နှစ်ဦးကတော့ မကြာခင် စစ်မှုထမ်းတာဝန်တွေကို ထမ်းဆောင်ရတော့မှာ ဖြစ်ပါတယ်..။

G-Dragon နဲ့ Taeyang တို့ဟာ မဖြစ်မနေ စစ်မှုထမ်းတာဝန်ကို ထမ်းဆောင်ဖို့ ဆက်ပြီးတော့ နှောင့်နှေးလို့ မရတော့ပါဘူး..။

သူတို့နှစ်ဦးဟာ လာမယ့် (၂၀၁၈)ခုနှစ် အစောပိုင်းကာလမှာပဲ စစ်မှုထမ်းတာဝန် ထမ်းဆောင်တော့မှာဖြစ်တယ်လို့ သိရပါတယ်..။

Big Bang အဖွဲ့ရဲ့ အေဂျင်စီ ဖြစ်တဲ့ YG Entertainment ကလည်း G-Dragon နဲ့ Taeyang တို့ရဲ့ စစ်မှုထမ်းဆောင်ရမယ့် အချိန်ကာလကို ရွှေ့ဆိုင်းလို့ မရတော့ကြောင်းကို ပြောကြားခဲ့ပါတယ်..။

“G-Dragon နဲ့ Taeyang နှစ်ဦးဟာ လာမယ့် (၂၀၁၈)ခုနှစ် အစောပိုင်း ကာလအတွင်း စစ်မှုထမ်း တာဝန်တွေကို ထမ်းဆောင်ရတော့မှာဖြစ်တယ်..” လို့ ဒီဇင်ဘာ(၁၄)ရက်နေ့က တရားဝင် ထုတ်ပြန်ပြောကြားခဲ့တာ ဖြစ်ပါတယ်..။

Daesung နဲ့ Seungri တို့ကတော့ စစ်မှုထမ်းရမယ့် နောက်ဆုံး အသက်ကို မရောက်သေးလို့ ဆက်ပြီး နှောင့်နှေးနေလို့ ရသေးတယ်လို့ ဆိုပါတယ်..။

ဒါပေမယ့် Big Bang အဖွဲ့ အချိန်အနည်းငယ်အတွင်းသာ ရပ်နားသွားဖို့ သူတို့နှစ်ယောက်ပါ တစ်ခါတည်း စစ်မှုထမ်းဖြစ်မလား ဆိုတာတော့ သေသေချာချာ မသိရသေးပါဘူး..။

သူတို့အဖွဲ့ဟာ လာမယ့် ဒီဇင်ဘာ(၃၀)ရက်နေ့နဲ့ (၃၁)ရက်နေ့မှာတော့ အဖွဲ့ဝင်တွေ စုံစုံညီညီနဲ့ 'Big Bang 2017 Concert - Last Dance' ဖျော်ဖြေပွဲကို ဆိုးလ်မြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်..။

Taeyang ကတော့ စစ်မှုထမ်း တာဝန် မထမ်းဆောင်ခင် အစောပိုင်းမှာ ချစ်သူ Min Hyo Rin နဲ့ ဖေဖော်ဝါရီ(၃)ရက်နေ့မှာ လက်ထပ်ပွဲကို ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်..။

Source - allkpop

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။