နာမည်ကျော် SHINee အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကင်ဂျွန်ဟွန်းဟာဆိုရင် 18.12.2017 နေ့ရက် မှာ စိတ်ဖိစီးမှုတွေများပြားခြင်းကြောင့် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ ဒီအဖြစ် အပျက်ကြောင့် ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ သူ့ရဲ့ပရိတ်သတ်တွေက အတော်လေးကိုဝမ်း ပန်းတနည်းဖြစ်ခဲ့ကြပါတယ်။ အရည်အချင်းရှိတဲ့ကြယ်ပွင့်တစ်ဦးကြွေလွင့်ရတာကြောင့်လည်း Kpop လောကကြီးအတွက် တကယ် နှမြောစရာကောင်းလှပါတယ်။ John Hyun ရဲ့ ဈာ ပနမှာ ကိုရီးယားနိုင်ငံရဲ့ အကျော်အမော်တွေလည်း တက်ရောက်ခဲ့ကြပြီး အားလုံးက ယူကျုံး မရနဲ့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ခဲ့ရပါတယ်။

မြန်မာပြည်မှာရှိတဲ့ SHINee ကိုအားပေးကြတဲ့ ပရိတ်သတ်တွေကလည်း ထပ်တူစိတ်မ ကောင်း ဖြစ်ခဲ့ ကြပါတယ်။ 24.12.2017 ရက်နေ့မှာတော့ ကွယ်လွန်သူအဆိုတော်ဂျွန်ဟွန်း အတွက် မြန်မာပရိတ် သတ်များက ဘုန်းကြီးကျောင်းအတွက် Water Cooler တစ်ခုလှူဒါန်း ခဲ့ပြီး ရေစက်ချအမျှပေးဝေခဲ့ကြ ပါတယ်။ ထို့နောက်မိုးပျံဘူဖောင်းအဖြူရောင်များကိုလွှတ် တင်ကာ ဂျွန်ဟွန်းအတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ ကွယ်လွန်သူအတွက်ရည်စူးပြီး အလှူပွဲလေးပြုလုပ်ခဲ့တာမို့ ဒါဟာမွန်မြတ်တဲ့လုပ်ရပ်တစ် ခုပါပဲ။

SHINee World Myanmar အဖွဲ့သားတွေတော်တော်များများဟာ စုံညီစွာနဲ့အလှူလေး တစ် ခု ပြုလုပ်ခဲ့ကြပြီး ရွှေတိဂုံဘုရားထံသို့ သွားရောက်ဆုတောင်းခဲ့ကြပါသေးတယ်။ မွန်မြတ်တဲ့ အလှူလေး တစ်ခု ဖြစ်တာကြောင့် အလှူပြုသူရော ရည်စူးသူရော နှစ်ဖက်လုံး ကောင်းမွန် တဲ့ကုသိုလ်တွေရရှိကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ဒီလိုကောင်းမှုမျိုးဟာ ဗုဒ္ဓဘာသာဝင်တိုင်းအတွက် မလွဲမသွေကြုံရမယ့် အလှူတစ်ခုမို့ အခုလိုပြုလုပ်ပေးလိုက်တဲ့ ကုသိုလ်ကောင်းမှုတွေဟာ ဘဝတစ်ပါးကိုရောက်သွားတဲ့ ဂျွန်ဟွန်းတစ်ယောက် အပြည့်အဝ ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo – SHINee World Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။