နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ ဆုအိမ့်စံတစ်ယောက် ဇာတ်ဝင်ခန်းတစ်ခုအတွက် သဏ္ဍာန်လုပ်သရုပ်တူ ပုံဖော်နေတဲ့ပုံရိပ်တွေက တကယ်ကိုပီပြင်လှပါတယ် ပရိတ်သတ် ကြီးရေ။ ချစ်စရာကောင်းလွန်းတဲ့သူမရဲ့ပုံစံလေးကနေ တကယ့်ကိုနွမ်းပါးသူလေးပုံစံဖြစ် အောင်ကို မိတ်ကပ်ပြင်ဆင်မှု တကယ်ကိုကောင်းလွန်းလှပါတယ် ပရိတ်သတ်ကြီးရေ။ သူမဟာ အနုပညာလောကထဲကို လျှောက်လှမ်းလာတာ အချိန်တစ်ခုထိရှိနေပြီဖြစ်ပြီး လက်ရှိမှာတော့ ပရိတ်သတ်တွေအသိအမှတ်ပြုတဲ့ မင်းသမီးတစ်ယောက်အဖြစ် ရပ်တည်နေနိုင်ပြီပဲဖြစ်ပါတယ်။

သူမဟာ စိန်ဘယက်ဆေးတိုက်ရဲ့မျိုးဆက်လေးတစ်ဦးလည်းဖြစ် သရုပ်ဆောင်မင်းသားတစ်ဦး လည်း ဖြစ်တဲ့ သူရိယနဲ့ မေတ္တာမျှနေကြတာဟာ တစ်နှစ်တာအချိန်ကိုကျော်လွန်ခဲ့ပြီပဲ ဖြစ်ပါတယ်။ အမြဲတမ်း သူမကိုဂရုစိုက်ပြီး စိတ်ချမ်းသာအောင်ထားတာကြောင့် သူမအနေနဲ့ အချစ်ရေးမှာ အမြဲတမ်း စိတ်ပျော်ရွှင်ရတယ်လို့ဆိုပါတယ်။ ပရိတ်သတ်တွေအားကျတဲ့ Relationship လေးတွေထဲမှာ သူရိယနဲ့ ဆုအိမ့်စံတို့ရဲ့ အချစ်ကမ္ဘာလေးက တစ်ခုအပါ အဝင်ပဲဖြစ်ပါတယ်။ အမြဲတမ်းစိတ်ချမ်းသာအောင်ထားပြီး အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက် တတ်တဲ့ချစ်သူကို ပိုင်ဆိုင်ထားတာကြောင့် ဆုဆုအနေနဲ့လည်း အချစ်ရေးကံကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

သူမရဲ့ရိုက်ကွင်းပေါ်ကပုံရိပ်လေးတွေကို အဝေရာပုတီးရောင်းတဲ့သူလေး မေသု အဝေရာပုတီး တွေ အားပေးကြအုံးနော် ဆိုပြီး ရိုက်ကွင်းပေါ်က ပုံရိပ်လေးတွေကိုတင်ထားတာဖြစ်ပါတယ်။ သူမနဲ့အတူ သရုပ်ဆောင်အကယ်ဒမီခိုင်သင်းကြည်ကလည်း တွဲဖက်ပါဝင်ထားတာကိုတွေ့ရ ပါတယ်။ သူရိယနဲ့ အတူ သူမတွဲဖက်သရုပ်ဆောင်ထားတဲ့ “ ရှင့်အမေနဲ့ကျွန်မ ” ဇာတ်ကား လေးဟာလည်း ထွက်ရှိနေပြီ ဖြစ်ပါတယ်။ အခုလက်ရှိရိုက်ကူးနေတဲ့ ဇာတ်လမ်းလေးဟာ လည်း စိတ်ဝင်စားစရာကောင်းမယ့် ပုံစံလေးမို့ ဒီဇာတ်ကားလေးထွက်လာရင်လည်း ပရိတ် သတ်ကြီးအားပေးကြပါဦးနော်။

Photo – Hsu Eaint San’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။