နာမည်ကျော်မင်းသမီးတစ်ဦးဖြစ်တဲ့ မေသက်ခိုင်တစ်ယောက် သူမကို မဟုတ်မမှန်ပြောသူ များကို သတိပေးတဲ့စာလေးရေးသားခဲ့ပါတယ်။ သူမဟာ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မေသဉ္ဇာဦးရဲ့ တူမလေးတစ်ဦးဖြစ်ပြီး ချစ်စရာကောင်းတဲ့သူမရဲ့ပုံစံလေးကြောင့် ပရိတ်သတ် တွေက ချစ်ခင်အားပေး ခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အနုပညာခြေလှမ်းအစဟာ ရဲလေးရဲ့ “ မိုး ” သီချင်း MTV မှာဖြစ်ပြီး ဒီနောက်ပိုင်းမှာတော့ သူမရဲ့ချစ်ဖို့ကောင်းလွန်းတဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက အသိအမှတ်ပြု အားပေးခြင်းကိုရရှိခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောမှာတော့ သူမကိုအနုပညာလုပ်ငန်းတွေမှာမတွေ့ရပဲ သူငယ်ချင်းတွေနဲ့အတူ ခရီးသွားနေတဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကိုပဲ တွေ့ရတာများပါတယ်။ ပြီးခဲ့တဲ့လပိုင်း ကတည်းက သူမကို ယောကျာ်းလျှာတစ်ဦးနဲ့ ချစ်ခင်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေ ပြန့်နှံ့လာခဲ့ပြီး သူမကို မိန်းမချင်းတွဲနေတဲ့သူအဖြစ် ပုတ်ခတ်ပြောဆိုကြပါတယ်။ ဒီနောက်ပိုင်း မှာလည်း သူမကိုခင်မင်ရင်းနှီး သူများက သူမကို သူစိမ်းယောကျာ်းလေးများနဲ့ ပက်သက် ပြီးတော့ အချင်းချင်းစနောက်ကြတာတွေ ရှိခဲ့ဟန်တူပါတယ်။ ဒီနေ့မှာတော့ သူမအနေနဲ့ ချစ်ဆုံးမုန်းစကား တစ်ခုကို Facebook မှာတင်ခဲ့ပါ တယ်။

သူမရဲ့ Facebook မှာ “ ဟိုထင်ဒီထင်နဲ့ ဟိုလူနဲ့စ ဒီလူနဲ့စ မလုပ်ပါနဲ့ ခင်တာရင်းနှီးတာ မှာ သူ့အကန့်နဲ့သူ ရှိပါတယ် မဟုတ်ပဲလိုက်ပြောနေရင် အပြောခံရတဲ့မိန်းကလေးပဲထိခိုက် ပါတယ် တကယ်ကြိုက်နေ တဲ့လူဆိုရင် တစ်နေ့အတူတွဲပြီးမြင်ရပါလိမ့်မယ် ” ဆိုပြီးတင်ထား တာဖြစ်ပါတယ်။ စနောက်ခြင်းဟာ ခင်မင်ရင်းနှီးသူတိုင်းမှာရှိတတ်ပေမယ့် အရာရာတိုင်း ဟာ အတိုင်းအတာအကန့် အသတ် စည်းဘောင် ဆိုတာရှိစမြဲမို့ သူမအနေနဲ့ ယခုလိုပြောဆို လိုက်ပုံရပါတယ်။

Source – May Thet Khine’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။