တက်သစ်စမင်းသမီးတစ်ဦးဖြစ်ပြီး ပရိတ်သတ်အသိအမှတ်ပြုခြင်းခံရတဲ့ သရုပ်ဆောင် ဘေဘီမောင် တစ်ယောက် သူမနဲ့ပက်သက်တဲ့ဝေဖန်မှုတစ်ချို့ကို Interview တစ်ခုမှာပြန် လည်ဖြေရှင်းခဲ့ပါတယ်။ သူမနဲ့ခင်မင်တဲ့ သတင်းဂျာနယ်တိုက်တစ်ခုက သူမနဲ့ပက်သက်ပြီး ထွက်နေတဲ့ ကောလဟာလ တစ်ခုကို လာရောက်မေးမြန်းခဲ့တယ်လို့ဆိုပါတယ်။ သူမကို စပွန်ဆာထားနေလားလို့ ပွင့်ပွင့်လင်းလင်း မေးမြန်းခဲ့တဲ့အပေါ် သူမကလည်း ရှင်းရှင်း လင်းလင်းပဲပြန်လည်ဖြေကြားခဲ့တယ်လို့ဆိုပါတယ်။ သူမအနေနဲ့ တကယ်သာတပါးသူကိုမှီ ခိုပြီး စပွန်ဆာယူမယ်ဆိုရင် ကျောက်မြောင်းလိုနေရာမျိုးမှာ တိုက်ခန်းနဲ့မနေပဲ တခြားနေရာ ကောင်းတစ်ခုမှာ အခန့်သားနေနေရပြီလို့ဆိုပါတယ်။

ကိုယ်မချစ်မနှစ်သက်တဲ့သူကိုလည်း မပက်သက်ချင်ဘူးလို့ဆိုပါတယ်။ ကိုယ်တကယ်နှစ် သက်သူနဲ့ပဲ ဘဝကိုကောင်းကောင်းမွန်မွန်ဖြတ်သန်းချင်တယ်လို့ဆိုပါတယ်။ ငယ်ငယ် ကတည်းက သူမဟာ အရာရာကိုကောင်းမွန်စွာနဲ့လုပ်ခဲ့ပြီး ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ် ကိုးရတာကိုပဲ သဘောကျ တယ်လို့်ဆိုပါတယ်။ အောင်မြင်မှုအနည်းငယ်ရရှိလာပြီဆိုရင် ပြောချင်တဲ့သူများလာတာကြောင့် ဒီလိုအပြောခံရတာမထူးဆန်းပါဘူးလို့ဆိုပါတယ်။ ကိုယ် မဟုတ်တာကြောင့် ကိုယ့်လိပ်ပြာကိုယ်လုံပြီး ပရိတ်သတ်ကိုအမှန်အတိုင်းအသိပေးရဲတဲ့ သတ္တိရှိတယ်လို့ဆိုပါတယ်။

ကိုယ့်ခံယူချက်နဲ့ကိုယ်ပဲသက်ဆိုင်တယ်လို့ဆိုပါတယ်။ သူများတွေဘယ်သူဘာလုပ်တယ်ဆို တာကို မပြောလိုဘူးလို့ဆိုပါတယ်။ ကိုယ်ချစ်တဲ့ချစ်သူ ကိုယ်ချစ်တဲ့မိသားစုနဲ့ပဲ ဘဝကိုဖြတ် သန်းချင်တယ်လို့ ဆိုပါတယ်။ အမြင့်ကြီးတွေအကောင်းစားတွေကိုလည်း မမက်မောဘူးလို့ဆို ပါတယ်။ အေးချမ်းတဲ့ဘ၀ လေးတစ်ခုကိုပဲဖြတ်သန်းလိုတယ်လို့ဆိုပါတယ်။ စိတ်နှလုံး ကောင်းထားတာကြောင့် လူအများက ချစ်ခင်ကြတယ်လို့ဆိုပါတယ်။ အနုပညာလုပ်ငန်းအပြင် တခြားစီးပွားရေးတွေအများကြီးလုပ်ထားပြီး အဆင်ပြေပြေလည်ပတ်နေတာကြောင့် သူမဘဝ ကဖူလုံအေးချမ်းတယ်လို့ဆိုပါတယ်။ စပွန်ဆာနဲ့ပက်သက်ပြီး ဝေဖန်သူတွေပြောတဲ့စကားကို တော့ ရယ်ချင်တယ် ဟဟပဲရမယ်လို့ဆိုပါတယ်။

Source – Myanmar Cele 7

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။