MRTV 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ်အသိအမှတ်ပြု မင်းသမီးတစ်ဦး ဖြစ်လာခဲ့တဲ့ သရုပ်ဆောင် ဆောင်းဝတ်ရည်မေဟာဆိုရင် လက်ရှိမှာ “ စစ်ကိုမုန်း၍တိုက်ခဲ့သည် ” ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာဖြစ်ပါတယ်။ ဇာတ်လမ်း မစခင်မှာ ဆံပင်လေးချပြီး စစ်ဦးထုပ် လေးဝတ်ကာ ပဲပေးနေတဲ့သူမရဲ့ပုံရိပ်လေးတွေကို Facebook ပေါ်တင်ခဲ့ပါတယ်။ တကယ့်ကို ချစ်စရာကောင်းလွန်းနေတဲ့ သူမပါပဲ။ သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ပုံစံလေးကြောင့် ပရိတ်သတ်တွေက လက်ခံအားပေးခဲ့တာဖြစ်ပြီး သရုပ် ဆောင်ပိုင်းမှာလည်း အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့ အရည်အချင်းရှိတဲ့ တက်သစ်စ မင်းသမီးလေးတစ်ဦးပဲဖြစ်ပါတယ်။

စစ်အဝတ်အစားကိုဝတ်ဆင်ကာ စစ်ဦးထုပ်လေးကိုဆောင်းပြီး ဆံပင်လေးချကာပဲပေးနေတဲ့ ပုံလေးက ပရိတ်သတ်တွေရဲ့အချစ်ကို ပိုမိုတိုးပွားအောင်လုပ်လိုက်သလိုပါပဲ။ ရပ်စောက်မြို့မှာ ရိုက်ကူးနေတဲ့ “ စစ်ကိုမုန်း၍တိုက်ခဲ့သည် ” ဇာတ်ကားဟာလည်း ပါဝင်သူသရုပ်ဆောင် အများအပြားနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီးဖြစ်မှာအသေအချာပါပဲ။ ဒီဇာတ်ကားရဲ့ဇာတ်ဝင်ခန်းပုံရိပ် တစ်ချို့ကြောင့် လူမှုကွန်ယက်မှာဝေဖန်မှုတွေလည်း များခဲ့ရပါသေးတယ်။ မည်သို့ပင် ဆိုစေကာမူ ဒီဇာတ်ကားဟာ တကယ့်ကိုဇာတိသွေးဇာတိမာန်တက်ကြွစေမယ့် ဇာတ်ကားမျိုး ဖြစ်တာကြောင့် ပရိတ်သတ်တွေ မလွတ်တန်းအားပေးသင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။

ဆောင်းဝတ်ရည်မေက သူမရဲ့ Facebook မှာ ရိုက်ကူးရေး မစခင်လေး ရိုက်ကြည့်တာပါ။ ခလိန်းကို မဆူကြပါနဲ့ ဂျပင်ချပြီးuniform နဲ့ ပဲပေးနေလို့ ရိုက်ကူးရေးရိုက်ရင် ပြင်ထားတဲ့ပုံ လေးတွေ နောက်မှ တင်ပေးမယ်နော် ဆိုပြီးတင်ထားတာဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သူမရဲ့ပုံစံလေးကြောင့် သူမဟာ ဘယ်လိုအဝတ်အစားမျိုးကိုပဲဝတ်ဝတ် ဆွဲဆောင်မှုပြည့်ဝ နေတဲ့မင်းသမီးတစ်လက်ဖြစ်လို့နေပါတယ်။ စစ်ဝတ်စုံလေးနဲ့ သူမက ဘယ်လိုတွေချစ်စရာ ကောင်းနေလဲဆိုတာ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြီနော်။

Photo – Hsaung Wutyee May’s FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။