ပရိသတ်အချစ်တော် မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတွေကို လျှောက်လည်နေတယ်လို့ ဆိုပါတယ်..။

စိုးပြည့်ဟာ လတ်တလောမှာ ရိုက်ကူးရေးနဲ့ ခရီးတွေ ထွက်ရှိနေရပြီး ရှုတင်နားတဲ့ အချိန်မှာ သူမတစ်ခါမှ မရောက်ဖူးသေးတဲ့ အင်းလေးမှာ လျှောက်လည်ခဲ့တာ ဖြစ်ပါတယ်..။

မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ သူမရဲ့ လှုပ်ရှားမှုလေးတွေကို သူမချစ်တဲ့ ပရိသတ်တွေကို အမြဲ မျှဝေလေ့ရှိတာ တွေ့ရပါတယ်..။

အခုတစ်ခေါက်မှာလည်း တစ်ခါမှ မရောက်ဖူးသေးတဲ့ အင်းလေးကို အလည်တစ်ခေါက်သွားရောက်ခဲ့တဲ့ အကြောင်းကို ပြောပြထားပါသေးတယ်..။

တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာလေးတွေကို လျှောက်လည်နေတဲ့အကြောင်းကို စိုးပြည့်က သူအသုံးပြုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ဓာတ်ပုံလေးတွေ တင်ပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

“တောင်တွေကာရံထားတဲ့အလယ်မှာအင်းလေးရေပြင်ပြာ.. ဒီနေ့ ရှုတင်နားတုန်းလေး တခါမှ မရောက်ဖူးသေးတဲ့ အင်းလေးသို့ အလည်တစ်ခေါက်သွားခဲ့တယ်ရှင်..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

စိုးပြည့်ကတော့ သူမ တခါမှမရောက်ဖူးသေးတဲ့ အင်းလေးကို ရှုတင်နားတဲ့ အချိန် လျှောက်လည်နေရတဲ့အတွက် ပျော်နေတယ်လို့ ဆိုပါတယ်..။

ဓာတ်ပုံတွေထဲမှာလည်း အင်းလေး ရိုးရာ ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး လှေစီးနေတဲ့ သူမကတော့ ယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

ရှုခင်းတွေ အရမ်းလှတဲ့အတွက် စိတ်ကြည်နူးပျော်ရွှင်ရပြီး အင်းလေးဖောင်တော်ဦးဘုရားလည်း ဖူးခဲ့ရကာ ဇင်ယော်ဌက်လေးတွေနဲ့ ခိုလေးတွေကိုလည်း အစာကျွေးခဲ့ပါသေးတယ်လို့ ဆိုပါတယ်..။

အမှတ်တရအဖြစ် ဓာတ်ပုံတွေရိုက်ရင်း ချစ်စရာကောင်းတဲ့ ပဒေါင်တိုင်းရင်းသူလေးတွေနဲ့လည်း အတူတူ ဓာတ်ဖမ်းခဲ့သေးပါတယ်တဲ့..။

မင်းသမီးချောလေး စိုးပြည့်ဟာ “စစ်ကိုမုန်း၍တိုက်ခဲ့သည်” ဆိုတဲ့ တပ်မတော်ဂုဏ်ပြုဇာတ်ကား ရိုက်ကူးရင်း ရှမ်းပြည်ဘက်ကို ရောက်ရှိနေဖြစ်ပြီး ရှုတင်နားတုန်း အင်းလေးကို သွားရောက်လည်ပတ်ခဲ့တာ ဖြစ်ပါတယ်..။

ရိုက်ကူးရေးတွေလည်း လုပ်ရင်း ခရီးတွေ ထွက်နေတဲ့ မင်းသမီးချောလေး စိုးပြည့်ရဲ့ ချစ်စရာကောင်းတဲ့ ခရီးသွားပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည်မျှဝေလိုက်ပါတယ်နော်..။

Source - စိုးပြည့်သဇင် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။