ပရိသတ်အချစ်တော် မင်းသားချော ဇေရဲထက်ကတော့ သူ့အတွက် ပိုက်ဆံထက် အရေးကြီးတဲ့အရာတွေကို ပြောပြာလာပါတယ်..။

အခုခေတ်မှာ လူတွေကို မယုံရတော့တဲ့ အကြောင်းနဲ့ ကတိစကားတွေကို တန်ဖိုးမထားတော့ဘဲ တာဝန်ယူမှုစိတ်ဓာတ်တွေ မရှိတော့တဲ့အကြောင်းကို ရင်ဖွင့်လာခဲ့တာ ဖြစ်ပါတယ်..။

မင်းသား ဇေရဲထက်ဟာ သူ့ရဲ့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေပြီး စိတ်ပင်ပန်းမှုတွေနဲ့ သူ့ရဲ့ နေထိုင်မှု ပုံစံလေးတွေကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရင်ဖွင့်ပြောပြလေ့ရှိပါတယ်..။

အခုတစ်ခါမှာလည်း လူတွေကို မယုံရတော့တဲ့အကြောင်းနဲ့ တာဝန်ယူတတ်မှုနဲ့ ကတိစကားကို တန်ဖိုးမထားတတ်တော့တဲ့ အကြောင်းကို သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားပြောပြထားတာ တွေ့ရပါတယ်..။

“ပိုက်ဆံထက် အရေးကြီးတာက စိတ်ဓါတ်နဲ့ တာဝန်ယူတတ်မှု့ပဲ.. အခုခေတ်မှာ ဘယ်သူမှမယုံနဲ့ ဆိုတာ အခုသိလာရပြီ..။

အားနာလို့ လိုက်လျောတာ အတယ်လို့မထင်နဲ့ဆိုတာကိုလည်း သိစေချင်တယ်.. ကိုယ်တာဝန်ယူထားတဲ့ကိစ္စကို ကိုယ်ကိုယ်တိုင်ဖြေရှင်းသင့်တယ်.. အကျိုးအကြောင်းပြောသင့်တယ်..။

အလုပ်လုပ်နေတာကို ဆော့နေသလိုပဲ.. ကတိတလုံးကို တန်ဖိုးမထားတတ်ဘူး.. အထင်ကို မကြီးတော့တာ.. ဘာလုပ်လုပ် ဘာပြောပြော အထင်ကို မကြီးတော့တာ.. ကလေးကလားအလုပ်တွေ..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းများနှင့် ပရိသတ်တွေကလည်း အားပေးစကားများ ပြောထားတာ တွေ့ရပါတယ်..။

မင်းသားချော ဇေရဲထက်ကတော့ ကျရာကာရိုက်တာကို ပီပြင်စွာ သရုပ်ဆောင်နိုင်ကာ ဟာသဇာတ်ရုပ်တွေမှာလည်း လူကြိုက်များလာပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အခိုင်အမာရရှိထားတာ ဖြစ်ပါတယ်..။

လတ်တလောမှာလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေပြီး ဓာတ်ပုံ၊ မဂ္ဂဇင်းကြော်ငြာများရိုက်ကူးပေးနေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင် သရုပ်ဆောင်ထားတာ တွေ့ရပါတယ်..။

Source - ဇေရဲထက် fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။